NLD(LA) ဥက္ကဌနဲ့ ၈၈ ခေါင်းဆောင်တွေ တွေ့ဆုံ
2013.03.03

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) NLD(LA) ဥက္ကဌ ဦးဗိုသောင်း ဦးဆောင်တဲ့အဖွဲ့နဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့အဖွဲ့ဟာ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် ၈၈မျိုးဆက် ကျောင်းသားများရုံးခန်းမှာ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ အနာဂတ်နိုင်ငံရေး အလားအလာတွေ အကြောင်းကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက RFAကို ပြောပါတယ်။
ဆွေးနွေးပွဲမှာ NLD(LA) ဥက္ကဌ ဦးဗိုသောင်း၊ ဒုတိယဥက္ကဌ ဒေါက်တာအေးကျော်အပါအဝင် အဖွဲ့ဝင် ၁၂ ဦးဟာ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီနဲ့ ကိုပြုံးချိုတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။
နောက်ထပ်လည်း NLD(LA)အဖွဲ့နဲ့ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပူးပေါင်းလုပ်ဆောင်သွားဖို့ရှိတယ်လို့ သိရပါတယ်။