မြန်မာ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ လုပ်ငန်းများ ပွင့်လင်းမြင်သာ စွာ ဆောင်ရွက်တော့မည်


2013.03.04
shwe_gas_project_305_z.png ရခိုင်ပြည်နယ်မှ သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ပို့ဆောင်မည့် ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းအတွက် ကျောက်ဖြူမြို့အနီးတွင် စက်ယန္တရားကြီးများဖြင့် လုပ်ကိုင်နေပုံ
Photo: Shwe Gas Movement

မြန်မာနိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ လုပ်ငန်းကဏ္ဍဟာ ပွင့်လင်းမြင်သာမှု ရှိတဲ့ ခေတ်သစ်တစ်ရပ်ကို ရောက်ရှိပါတော့ မယ်လို့ မြန်မာစွမ်းအင်ဝန်ကြီးဌာနက ကတိပြုပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့မှာ မနေ့က ကျင်းပခဲ့တဲ့ မြန်မာ့စွမ်းအင်ညီလာခံမှာ စွမ်းအင်ဝန်ကြီးဌာန အရာရှိတွေက ပြောကြားခဲ့ကြတာပါ။ အဲဒီညီလာခံမှာ ထင်ရှားတဲ့ နိုင်ငံခြားစွမ်းအင်ကုမ္ပဏီကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

ပွင့်လင်းမြင်သာမှုဆိုတာ အင်မတန်အရေးကြီးတဲ့ ဝေါဟာရဖြစ်ပါတယ်၊ ဒါကြောင့် အစိုးရက EITI ခေါ် တိုင်းပြည်ရဲ့သယံဇာတတွေက ရရှိတဲ့အကျိုးကျေးဇူးတွေကို ပြည်သူတွေ ခံစားနိုင်ရေးဆိုတဲ့၊ နိုင်ငံတကာက ချမှတ်ထားတဲ့ အစီအစဉ်ကို အကောင်အထည် ဖေါ်လိုက်တာဖြစ်ပါတယ်လို့ စွမ်းအင်ဝန်ကြီးဌာန လက်ထောက် ညွှန်ကြားရးမှူး ဦးအောင်ကျော်ထူးက ပြောပါတယ်။

အရင်စစ်အစိုးရလက်ထက် တစ်လျောက်လုံး စွမ်းအင်ကဏ္ဍနဲ့ ပတ်သက်ပြီး ဘယ်လိုဘယ်ပုံ ဆောင်ရွက်လုပ်ကိုင်နေမှန်း ထင်ထင်ရှားရှားမသိရဘဲ၊ အကျင့်ပျက်ခြစားမှုတွေ တပုံတပင်ရှိခဲ့တာကြောင့် မြန်မာ့သယံဇာတတွေကို တိုင်းပြည်ကမခံစားရပဲ အချည်းနှီးဖြစ်ခဲ့ရတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

အခုတော့ စွမ်းအင်လုပ်ကွက်တွေကို လေလံပစ်ရာမှာ နိုင်ငံတကာ စံချိန်စံညွှန်းတွေအတိုင်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။ အလားတူ သစ်တောစတဲ့ တခြားကဏ္ဍတွေမှာလည်း ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်သွားတော့မှာဖြစ်ကြောင်း ဦးအောင်ကျော်ထူး ကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။