ကျောက်မီးသွေးစက်ရုံကို ကန့်ကွက်
2016.04.25

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာရှိတဲ့ ထိုင်းနိုင်ငံသားပိုင် မော်လမြိုင် ဘိလပ်မြေစက်ရုံအတွက် ကျောက် မီးသွေးသုံးဓာတ်အားပေး စက်ရုံတည်ဆောက်နေတာ ကို ရပ်ဆိုင်းပေးဖို့ ဒေသခံ လေးထောင်နီးပါးက လက်မှတ်ရေး ထိုးပြီး ဒီနေ့ မွန်ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြလိုက်ပါတယ်။
ဘိလပ်မြေစက်ရုံကို ကန့်ကွက်တာမဟုတ်ဘဲ စက်ရုံလည်ပတ်ဖို့ ကျောက်မီးသွေးလောင်စာသုံး စက်ရုံတည်ဆောက် မှာကို ကန့်ကွက်တာလို့ ကျိုက်မရောမြို့နယ် ကော့ဒွတ်ရွာသူ မိနီနီအောင်က ပြောပါတယ်။
"ဘိလပ်မြေစက်ရုံ လည်ပတ်မယ်ဆိုတာ အရင်ကသိထားတယ်၊ ကျောက်မီးသွေးနဲ့ လည်ပတ်မယ်ဆိုတာ ၂ဝ၁၅ ကုန်ခါနီးမှ ပြည်သူလူထုတွေကသိရလို့ ကျောက်မီးသွေးဓါတ်အားနဲ့ လည်ပတ်တာကို လက်မခံတဲ့အတွက် ကန့်ကွက်တာပါ"
ဘိလပ်မြေစက်ရုံတည်ဆောက်ဖို့ မြေတွေဝယ်ယူစဉ်က ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံလည်း တည်ဆောက်သွားမယ်ဆိုတာကို ကုမ္ပဏီ တာဝန်ရှိသူတွေက အသိမပေးခဲ့တဲ့အတွက် အဲ့ဒီစီမံကိန်းကို လက်ခံခဲ့ တာလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်လောက်မှ ဘိလပ်မြေစက်ရုံလည်ပတ်ဖို့အတွက်၂၀ မဂ္ဂဝပ်ထွက်ရှိမယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂ရုံ တည်ဆောက်မယ် ဆိုတာကို သိခဲ့ရတာဖြစ်ကြောင်းလည်း ပြောပါတယ်။
ဘိလပ်မြေစက်ရုံဟာ ကျိုက်မရောမြို့နယ် ကတုံစိ၊ ကော့ဒွန်၊ မယ့်ခရို၊ ကွမ်ငန်း၊ နှီးတုန်း စတဲ့ ကျေးရွာတွေအနီးမှာ တည်ရှိတာဖြစ်ပြီး အဲဒီကျေးရွာတွေက ဒေသခံ လေးထောင်နီးပါးက ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးခဲ့တာဖြစ် ပါတယ်။
အဲဒီလက်မှတ်တွေကို မွန်ပြည်နယ် ဝန်ကြီးချုပ်အပြင် မြန်မာနိုင်ငံ ရင်းနှီးမြုှပ်နှံမှုကော်မရှင်နဲ့ သက်ဆိုင်ရာဌာနတွေ ဆီလည်း ပေးပိုခဲ့ကြတာဖြစ်ပါတယ်။
အာဆီယံဒေသတွင်း ထိပ်တန်းစီးပွားရေး လုပ်ငန်းတစ်ခုဖြစ်တဲ့ ထိုင်းအခြေစိုက် Siam Cement Group (SCG) က မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကွမ်ငန်းကျေးရွာမှာ မော်လမြိုင် ဘိလပ်မြေစက်ရုံကို ၂၀၁၄ ခုနှစ်မှာ စတင် အကောင်ထည်ဖော် တည်ဆောက်ခဲ့တာဖြစ်ပြီး တစ်နေ့ကို ဘိလပ်မြေတန်ချိန် ငါးထောင်ကျော် ထုတ်လုပ်မှာဖြစ် ပါတယ်။
မော်လမြိုင် ဘိလပ်မြေစက်ရုံ စီမံကိန်းမှာ အမေရိကန်ဒေါ်လာသန်း ၄၀၀ ရင်းနှီးမြှုပ်နံှပြီး ပြီးခဲ့တဲ့ မတ်လက စတင် လည်ပတ်နေတာဖြစ်ပါတယ်။