ဝန်ကြီးတွေ အိမ်ပြင်ဖို့ သိန်း ၆ဝ စီရရှိ


2016.05.13

ရန်ကုန်တိုင်းဒေသကြီးအစိုးရ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေရဲ့ နေအိမ်တွေကို ပြုပြင်ထိန်းသိမ်းဖို့အတွက် ဝန်ကြီးတစ်ဦးကို ကျပ်သိန်း ၆ဝ စီ ပြင်ဆင်စားရိတ် ချထားပေးပါတယ်။

ဝန်ကြီးတွေထံ တိုက်ရိုက်ချထားပေးတာဖြစ်ပြီး နေအိမ်တွေစတင်ပြင်ဆင်နေပြီလို့ ရန်ကုန်တိုင်း ဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။

"ချပေးထားတာရှိပါတယ် ၆ဝ ချပေးထားတာပါ၊ အခုတော့ပြင်နေကြပြီ"

ကမာရွတ်မြို့နယ် ဇော်ဂျီလမ်းနဲ့ ပန်းဝါလမ်းမှာရှိတဲ့ အစိုးရပိုင်လုံးချင်းနေအိမ်တွေမှာ ဝန်ကြီးတွေကို နေထိုင်ခွင့် ချထားပေးပြီး နေအိမ်တွေဟာ ပျက်စီးနေတာကြောင့် ပြင်ဆင်စားရိတ်တွေ ချထားပေးတာ ဖြစ်ကြောင်းနဲ့ ဝန်ကြီးဘယ်နှစ်ဦးကို ချထားပေးတယ်ဆိုတာကို အသေချာမသိကြောင်း ဦးနိုင်ငံလင်းက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသအစိုးရအဖွဲ့က လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးဌာန၊ စီမံကိန်းနဲ့ဘဏ္ဍာရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ စည်ပင်သာယာရေးဝန်ကြီးဌာနနဲ့ လူမှုရေးဝန်ကြီးဌာနဆိုပြီး ဝန်ကြီးဌာန ခြောက်ခု အတွက် ဝန်ကြီး ၆ ဦး ခန့်အပ်ထားပါတယ်။

ဒါ့အပြင် ကရင်တိုင်းရင်းသားရေးရာနဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး နှစ်ဦးလည်း ရှိပါတယ်။

ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က နေအိမ်ပြုပြင်ထိန်းသိမ်းစားရိတ် ချထားပေးတဲ့ စာရင်းမှာ သူမပါဝင်ကြောင်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။