သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-12-17
အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ ထောင်ဒဏ် ၆ လ ချမှတ်ခံထားရတဲ့ ဦးလွမ်းဇောင်း၊ ဦးဇော်ဂျက်နဲ့ ဒေါ်နန်ပူတို့ ၃ ဦး လွတ်မြောက်ရေးအတွက် ပြည်နယ်တရားလွှတ်တော်ထံ အယူခံ ဆက်တက် သွားမယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေက RFA ကို ပြောပါတယ်။
2018-12-17
အာဆီယံ အတွင်းရေးမှူးချုပ် Lim Jock Hoi နဲ့ ဒုတိယ အတွင်းရေးမှူးချုပ် Kung Phoak တို့ဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောဒေသကို ဒီနေ့ သွားရောက်လေ့လာခဲ့ပါတယ်။
2018-12-17
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး တိုးတက်လာပေမယ့် ကုန်သွယ်ရေးဟာ တရုတ်နိုင်ငံက အားသာနေတဲ့အပြင် မြန်မာဘက်က ထွက်ကုန်တွေကို တရုတ်နိုင်ငံဘက်က ကန့်သတ်တာတွေ ရှိနေတာကြောင့် မြန်မာဘက်က ကုန်သည်တွေ အခက်အခဲနဲ့ ရင်ဆိုင်ရတာတွေ ရှိတယ်လို့ ကုန်သည်တွေက ပြောကြပါတယ်။
2018-12-17
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ တိုင်းနဲ့ ပြည်နယ်အသီးသီးကို သွားရောက်ပြီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးဝန်ထမ်းတွေနဲ့ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ တွေ့ဆုံခဲ့ပါတယ်။
2018-12-16
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ထီးစွဲကျေးရွာနဲ့ သောင်းဒရားကျေးရွာအကြားက အဝေးပြေးကားလမ်းမ အနီးမှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့ ဒီနေ့မနက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
2018-12-16
ရခိုင်ပြည်နယ်က မွတ်စလင်အရေး ပြဿနာဟာ လက်ရှိအစိုးရနဲ့ ခေတ်အဆက်ဆက် အစိုးရတွေရဲ့ ကိုယ်တွယ်ဖြေရှင်းပုံ မှားယွင်းခဲ့တဲ့တာကြောင့် ပိုမိုကြီးထွားလာတယ်လို့ ရခိုင်ပြည် အမျိုးသားကောင်စီ ANC က အထွေထွေ အတွင်းရေးမှူး ဦးထွန်းဇော်က ပြောလိုက်ပါတယ်။
2018-12-16
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် အမှတ် ၁၅ ရပ်ကွက် ဘုရင့်နောင်လမ်းမကြီးနဲ့ အုတ်ကျင်း ဘူတာရုံ လမ်းထောင့်က ကုန်စည်ပို့ဆောင်ရေးဌာနခွဲ ဘုရင့်နောင်ကုန်စည်ပို့ဆောင်ရေးရုံး မျက်နှာစာမှာ ဖွင့်လှစ်ထားတဲ့ ဈေးဆိုင်ခန်း ၁၈ ခန်းကို ဒီဇင်ဘာလ ၁၆ ရက်နေ့ ဒီနေ့မနက်ပိုင်းမှာ ဖယ်ရှားခဲ့ပါတယ်။
2018-12-16
ရှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် နမ်းဟူးကျေးရွာမှာ ဒီဇင်ဘာလ ၁၁ ရက်နေ့က RCSS နဲ့ ဒေသခံ ပအိုဝ်းရွာသားတွေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဓားနဲ့အခုတ်ခံရတဲ့ RCSS တပ်ဖွဲ့ဝင်တစ်ဦးဟာ ဆေးရုံမှာဆေးကုသနေရင်း မနေ့က သေဆုံးသွားတယ်လို့ RCSS တာဝန်ရှိသူတစ်ဦးက RFA ကို အတည်ပြုပြောဆိုပါတယ်။
2018-12-16
ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ အသက် ၄ လနဲ့ ၄ နှစ်အရွယ်ကလေး ၂ ဦးအပါအဝင် မြန်မာ အလုပ်သမားမိသားစု ၄ ယောက် ဒီနေ့မနက်က အသတ်ခံရတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာလူမှုရေးအဖွဲ့တစ်ခုဖြစ်တဲ့ SAW အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဒေါ်အေးအေးမာက ပြောပါတယ်။
2018-12-16
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်က တိုင်းရင်းသားကျေးရွာမှာ မနေ့က ကျင်းပတဲ့ ရခိုင်ပြည်နယ်နေ့ အခမ်းအနားမှာ ရဲတပ်ဖွဲ့က ရခိုင်လူငယ်တစ်ဦးဖြစ်တဲ့ ကိုရဲကျော်(ခ) ကိုနီအောင်ကို ဖမ်းဆီးလိုက်ပါတယ်။
2018-12-16
မြန်မာနိုင်ငံနဲ့ နယ်စပ်တစ်လျောက် စောင့်ကြည့်နိုင်ဖို့ အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာန သီးခြား နယ်ခြား စောင့်တပ် ထားရှိသင့် မသင့် အဖြေရှာသင့်ကြောင်း အိန္ဒိယလွှတ်တော် ကော်မတီတစ်ခုက အကြံပြု ထားတယ်လို့ သိရပါတယ်။
2018-12-15
မြန်မာနိုင်ငံ မြောက်ပိုင်းမှာ စစ်ပြေးဒုက္ခသည်တွေ များနေပြီး စားဝတ်နေရေး မပြေလည်တဲ့အတွက် တရုတ်နိုင်ငံဘက်ကို အမျိုးသမီးတွေ လူကုန်ကူးခံရ၊ ရောင်းစားခံရတာ ပိုများလာသလို၊ အမျိုးသားတွေလည်း ရောင်းစားခံရပြီး လုပ်အားခမရဘဲ ပြန်လာရသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
2018-12-15
ရခိုင်ပြည်နယ် မောင်တောမြို့အပါအဝင် ခရိုင်မြို့ကြီးတွေမှာ လုံခြုံရေးစောင့်ကြည့် ကင်မရာတွေ တပ်ဆင်ဖို့ စီစဉ်နေတယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက သတင်းထောက်တွေကို ဒီနေ့ပြောပါတယ်။
2018-12-15
တိုင်းနဲ့ပြည်နယ်တချို့မှာ ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးတွေဟာ လွှတ်တော် ကိုယ်စားလှယ်တွေကို လက်အောက်ငယ်သားလို ဆက်ဆံတာတွေရှိနေတာဟာ မဖြစ်သင့်ဘူးလို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် က ပြောကြားလိုက်ပါတယ်။
2018-12-15
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက ထွက်တဲ့ အက်စစ်ငွေ့တွေကြောင့် စီမံကိန်းအနီး ကျေးရွာတွေက သီးနှံစိုက်ခင်းတွေ ပျက်စီးဆုံးရှုံးမှုရှိနေတဲ့အတွက် ဝမ်ပေါင်ကုမ္ပဏီကို အရေးယူပေးဖို့ စီမံကိန်း ဧရိယာအနီးတစ်ဝိုက်က နေထိုင်ကြတဲ့ ကျေးရွာတွေက တောင်သူ ၁၅၀ ကျော် ဒီနေ့ မုံရွာမြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။