စစ်တွေမှာ CCTV ကင်မရာတွေ တပ်ဖို့ စီစဉ်


2018.12.15
safe-city-project-sittwe-622.jpg စစ်တွေမြို့ပေါ်တစ်ခုလုံးမှာ တပ်ဆင်ထားတဲ့ လုံခြုံရေးကင်မရာ ထိန်းချုပ်ရေး စင်တာကို ၂၀၁၈၊ ဒီဇင်ဘာ ၁၅ ရက်နေ့က ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှာ ဖွင့်လှစ်စဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် မောင်တောမြို့အပါအဝင် ခရိုင်မြို့ကြီးတွေမှာ လုံခြုံရေးစောင့်ကြည့် ကင်မရာတွေ တပ်ဆင်ဖို့ စီစဉ်နေတယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက သတင်းထောက်တွေကို ဒီနေ့ပြောပါတယ်။

အဲဒီ အစီအစဉ်အတွက် လက်ရှိမှာ လိုအပ်တဲ့ တိုင်းတာမှုတွေ လုပ်ဆောင်ထားပေမယ့် ဘယ်အချိန်မှာ စတင်ဆောင်ရွက်မယ်ဆိုတာတော့ မပြောနိုင်သေးဘူးလို့လည်း ပြောပါတယ်။

လက်ရှိမှာတော့ စစ်တွေမြို့ပေါ်တစ်ခုလုံးမှာ တပ်ဆင်ထားတဲ့ လုံခြုံရေးကင်မရာတွေရဲ့ ထိန်းချုပ်ရေး စင်တာတစ်ခုကို ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှာ အစိုးရက ဒီနေ့ ဖွင့်လှစ်လိုက်ပါတယ်။

စစ်တွေမြို့က ဒီစီမံချက်ကို မြန်မာငွေကျပ် သန်း ၁၂၀၀ အကုန်အကျခံ ဆောင်ရွက်နေတာဖြစ်ပြီး မှုခင်းတွေကို အချိန်မီဖော်ထုတ်နိုင်ဖို့ ရည်ရွယ်တာလို့ ပြည်နယ်အစိုးရအဖွဲ့က ပြောဆိုထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။