စစ်တွေမြို့ပေါ်အနှံ့ လုံခြုံရေးကင်မရာတွေ တပ်ဆင်မည်


2018.10.31
sittwe-622.jpg စစ်တွေမြို့ အဝင်ဝကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် စစ်တွေမြို့ရဲ့ လုံခြုံရေးအတွက် မြန်မာငွေကျပ် သန်းပေါင်း ၁၂၀၀ လောက် အသုံးပြုပြီး စောင့်ကြည့်ကင်မရာတွေကို နေရာအနှံ့မှာ တပ်ဆင်သွားမယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဒီနေ့ပြောပါတယ်။

အဲဒီစီမံချက်ကို အကောင်အထည်ဖော်ဖို့ တရုတ် ဟွာဝေးကုမ္ပဏီနဲ့ သဘောတူထားပြီး လုပ်ငန်းတွေကို မကြာခင် ကာလအတွင်းမှာပဲ စတင်မှာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်း ဦးတင်မောင်ဆွေ နေအိမ်ရှေ့ အပါအဝင် နေရာသုံးခုမှာ လက်လုပ်မိုင်းတွေ ပေါက်ကွဲခဲ့သလို ပြီးခဲ့တဲ့လကလည်း စရဖ တပ်ကြပ်တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားပါတယ်။

ဒီလိုဖြစ်ရပ်မျိုးတွေနဲ့ အခြားမှုခင်းတွေကို အချိန်မီဖော်ထုတ်နိုင်ခြင်းမရှိခဲ့အတွက် လုံခြုံရေး စောင့်ကြည့်ကင်မရာတွေ တပ်ဆင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

လုံခြုံရေးစောင့်ကြည့်ကင်မရာတွေနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က ကိုင်တွယ်ဆောင်ရွက်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။