မြန်မာနယ်စပ်အတွက် သီးခြားနယ်ခြားစောင့်တပ်ထားဖို့ အိန္ဒိယလွှတ်တော်ကော်မတီ အကြံပြုထား


2018.12.16
myanmar-india-border-622.jpg မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံ နယ်စပ်တနေရာကို တွေ့ရစဉ်
Photo: FINDLAY KEMBER / AFP

မြန်မာနိုင်ငံနဲ့ နယ်စပ်တစ်လျောက် စောင့်ကြည့်နိုင်ဖို့ အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာန သီးခြား နယ်ခြား စောင့်တပ် ထားရှိသင့် မသင့် အဖြေရှာသင့်ကြောင်း အိန္ဒိယလွှတ်တော် ကော်မတီတစ်ခုက အကြံပြု ထားတယ်လို့ သိရပါတယ်။

လောလောဆယ် အိန္ဒိယ အရှေ့မြောက်ဒေသ မြန်မာနယ်စပ်တစ်လျောက်မှာ အာသံ သေနတ်ကိုင် တပ်ရင်းက နယ်ခြားစောင့်တာဝန်တွေကို ထမ်းဆောင်နေရတာဖြစ်ပြီး တစ်ချိန်ထဲမှာလည်း အရှေ့မြောက်ဒေသက သူပုန်တွေကို နှိမ်နင်းတာတွေလည်း လုပ်နေရတဲ့အတွက် တာဝန် ၂ ခုကို ခွဲယူထမ်းဆောင်ဖို့ ကြာသပတေးနေ့က တင်သွင်းတဲ့ အစီအရင်ခံစာမှာ ဖော်ပြထားတယ်လို့ အိန္ဒိယန် တယ်လီဂရပ် သတင်းစာက ရေးပါတယ်။

လောလောဆယ် အာသံ သေနတ်ကိုင် တပ်ရင်းရဲ့ စစ်ဆင်ရေးလုပ်ငန်းတွေကို ကာကွယ်ရေးဝန်ကြီးဌာနက ကိုင်တွယ်ဆောင်ရွက်နေပြီး နယ်ခြားစောင့် လုပ်ငန်းတွေကိုတော့ ပြည်ထဲရေးဝန်ကြီးဌာနက ကိုင်တွယ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အာသံ သေနတ်ကိုင်တပ်ရင်းကို အင်္ဂလိပ် အစိုးရလက်ထက် ၁၈၃၅ မှာ ဖွဲ့ခဲ့တာဖြစ်ပြီး ၁၉၁၇ မှာ အာသံ သေနတ်ကိုင်တပ်ရင်းအဖြစ် ရပ်တည်ခဲ့တာ ဒီနေ့အထိ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။