ဘုရင့်နောင်လမ်းမကြီးပေါ်က အစိုးရမြေနေရာမှာ ဖွင့်လှစ်ထားတဲ့ ဆိုင်ခန်းတွေကိုဖယ်ရှား


2018.12.16
hlaing-slum-stalls-622.jpg လှိုင်မြို့နယ် အမှတ် ၁၅ ရပ်ကွက် ဘုရင့်နောင်လမ်းမကြီးနဲ့ အုတ်ကျင်းဘူတာရုံ လမ်းထောင့်က ကုန်စည်ပို့ဆောင်ရေးဌာနခွဲ ဘုရင့်နောင်ကုန်စည်ပို့ဆောင်ရေးရုံး မျက်နှာစာမှာ ဖွင့်လှစ်ထားတဲ့ ဈေးဆိုင်ခန်းနေရာကို တွေ့ရစဉ်
.

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် အမှတ် ၁၅ ရပ်ကွက် ဘုရင့်နောင်လမ်းမကြီးနဲ့ အုတ်ကျင်းဘူတာရုံ လမ်းထောင့်က ကုန်စည်ပို့ဆောင်ရေးဌာနခွဲ ဘုရင့်နောင်ကုန်စည်ပို့ဆောင်ရေးရုံး မျက်နှာစာမှာ ဖွင့်လှစ်ထားတဲ့ ဈေးဆိုင်ခန်း ၁၈ ခန်းကို ဒီဇင်ဘာလ ၁၆ ရက်နေ့ ဒီနေ့မနက်ပိုင်းမှာ ဖယ်ရှားခဲ့ပါတယ်။

အဲဒီဆိုင်ခန်းတွေကို ဖယ်ရှားဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ အကြိမ်ကြိမ်ညှိနှိုင်းပေးခဲ့ကြောင်း အခုဖယ်ရှားလိုက်တာဟာလည်း ဥပဒေအတိုင်း ဆောင်ရွက်တာဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ပြောပါတယ်။

ဆိုင်ခန်း ၁၈ ခန်းမှာ ၁၀ ခန်းက ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားရေးမူးဦးစီးဌာနအနေနဲ့ ပြောင်းရွှေ့ဂရုဏာကြေးသိန်း ၃၀ ကိုလက်ခံခဲ့ပြီး ကျန် ၈ ဆိုင်က သိန်း ၈၀ ရမှ ဖယ်ရှားပေးမယ့် ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

ဆိုင်ခန်းရှင်တွေ အနေနဲ့ ၂၃ နှစ်လောက်ဆိုင်ခန်းဖွင့်လှစ်ခဲ့ပြီး တစ်လကို ၈ သောင်းကျပ်ပေးခဲ့ရပြီး ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ ပေးဆောင်ပေမယ့် ကုန်လမ်းပို့ဆောင်ရေးက လက်မခံတော့ဘူးလို့ ဖျက်သိမ်းခံလိုက်ရတဲ့ စားသောက်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

အဲဒီဘုရင့်နောင်ကုန်စည် ပို့ဆောင်ရေးဝန်းဌာနပိုင် မြေနေရာပေါ်မှာ ငှားရမ်းလုပ်ကိုင်ခွင့် သက်တမ်းပြည့်ပြီ ဖြစ်တဲ့အတွက် ဒီဇင်ဘာ ၁၆ ရက်နေ့ အပြီးဖယ်ရှားပေးဖို့ ၃ ကြိမ်တိုင် စာထုတ်ထားပြီးနောက်မှာ အခုလို ဖယ်ရှားတာဖြစ်ပါတယ်။

အဲဒီဆိုင်ခန်းနေရာတွေမှာ ကိုးရီးယားနိုင်ငံ Sunchang Global Pte ကုမ္ပဏီနဲ့ အကျိုးတူ လုပ်ငန်းဆောင်ရွက်ဖို့ သတ်မှတ်ထားတဲ့ နေရာဖြစ်ကြောင်း သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။