သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-07-17
အနောက်နိုင်ငံအတော်များများက မြန်မာစစ်တပ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ စီးပွားရေးအကျိုး အမြတ်တွေကို ပိတ်ဆို့အရေးယူထားတာဖြစ်ပေမယ့် ရုရှားနဲ့တရုတ်က မြန်မာစစ်တပ်ကို လက်နက်တွေ ဆက်လက်ထောက်ပံ့ပေးနေတာပါ။
2022-07-17
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပညာရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ပြီး အွန်လိုင်းကနေအခမဲ့ စာသင်ပေးနေတဲ့ Kaung for You ကျောင်းက ဆရာ၊ ဆရာမတွေ အဖမ်းခံခဲ့ရတာကြောင့် သူတို့ဆီမှာ ကျောင်းအပ်ထားတဲ့ ကျောင်းသားမိဘတွေ လုံခြုံရေးအတွက် စိုးရိမ်နေကြပါတယ်။
2022-07-17
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းရွာနားမှာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တို့ နှစ်ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး ဇူလိုင်လ ၁၇ ရက် ဒီနေ့မှာ စစ်ကောင်စီဘက်က လေကြောင်းနဲ့ပါ တိုက်ခိုက်နေတယ်လို့ ဆယ်ဇင်းဒေသခံတွေက ပြောပါတယ်။
2022-07-17
မဇ္ဈိမသတင်းဌာနရဲ့ အလွတ်သတင်းထောက် မမေဘယ်လ် (ခ) မညိမ်းညိမ်းအေးကို ဇူလိုင်လ ၁၄ ရက်နေ့က အင်းစိန်ထောင်တွင်း တရားရုံးကနေ အလုပ်ကြမ်းနဲ့ ထောင်သုံးနှစ် ချမှတ်လိုက်တယ်လို့ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေက RFA ကို ပြောပါတယ်။
2022-07-17
ပုဂ္ဂလိကအွန်လိုင်းစာသင်ကျောင်း (Kaung For You - K4U) တည်ထောင်သူအပါအဝင် ဆရာသုံးဦးကို ဖမ်းဆီးတာဟာ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို ချိုးဖောက်တာလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပညာရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၇ ရက် ဒီနေ့ မနက်မှာ ထုတ်ပြန်ပါတယ်။
2022-07-16
မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်ချက်တွေကို မျက်ဝါးထင်ထင် မြင်နေရတာမို့ အညာဒေသက ပြည်သူတွေဟာ တိုင်းရင်းသားညီအကို မောင်နှမတွေကို ကိုယ်ချင်းစာတက်နေပြီလို့ မသန့်ဝေကျော်က ပြောပါတယ်။
2022-07-16
မော်စကိုမှာကျင်းပတဲ့ နိုင်ငံတကာ လုံခြုံရေးညီလာခံတက်ရောက်ဖို့ ရုရှားကို မနှစ်က ဇွန်မှာ တရားဝင် ခရီးသွားခဲ့တဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တစ်နှစ်အကြာမှာ အလွတ်သဘော ထပ်မံ သွားရောက်ပါတယ်။
2022-07-16
၂ဝ၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ တချို့ဒေသတွေက ကလေးတွေ သေဆုံး၊ တချို့ ကိုယ်လက်အင်္ဂါဆုံးရှုံး၊ တချို့ နေစရာပျောက်၊ စားစရာမဲ့၊ တချို့ တောတောင်တွေထဲမှာ အမိုးအကာမဲ့ နေ့ ည ဖြတ်သန်းနေရပါတယ်။
2022-07-16
ပြည်ပကနေ ချေးထားတဲ့ချေးငွေတွေကို အတိုးရောအရင်းပါ ပြန်မဆပ်ဘဲ ဆိုင်းငံ့ထားဖို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က AD လိုင်စင်ရဘဏ်တွေထံကို ဇူလိုင် ၁၃ ရက်နေ့ ရက်စွဲနဲ့ အမိန့်ထုတ်ပြန်ထားပါတယ်။ဒီအမိန့်ညွှန်ကြားချက်ဟာ ပြည်တွင်းကဒေါ်လာတွေ ပြည်ပမထွက်အောင် လုပ်ဆောင်တာဖြစ်ပြီး ပြည်ပချေးငွေယူထားတဲ့ ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတွေအားလုံး အခက်အခဲတွေ ဖြစ်ကုန်တယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ သုံးသပ်သူတွေက ပြောပါတယ်။
2022-07-16
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်သားတွေ ဇူလိုင်လ ၁၅ ရက်နေ့ကစပြီး စစ်ကြောင်းနှစ်ကြောင်းနဲ့ နယ်မြေရှင်းလင်းရေးလုပ်နေတာကြောင့် ရွာပေါင်း ၁၅ ရွာခန့်က ဒေသခံ ငါးထောင်ထက်မနည်း ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-07-16
မဟာလူမျိုးကြီးဝါဒနဲ့ အာဏာသိမ်းစစ်အုပ်စုကို အဆုံးတိုင်ဖြိုချဖျက်ဆီးသွားမယ်လို့ (၇၅) နှစ်ပြည့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ထံ ဇူလိုင်လ ၁၆ ရက် ဒီနေ့ပေးပို့တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောထားပါတယ်။
2022-07-16
မန္တလေးမြို့၊ မဟာအောင်မြေမြို့က ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်း အပါအဝင် ကုမ္ပဏီပိုင် နေရာတွေမှာ တရုတ်လူမှုကွန်ရက် (We Chat) နဲ့ လိုင်စင်မရှိဘဲ ကျောက်အရောင်းအဝယ်လုပ်လို့ အဖမ်းခံထားရတဲ့ အယောက် ၃၀၀ နီးပါးနဲ့ အဆက်အသွယ်မရတာ ခုနစ်လနီးပါးရှိပြီလို့ မိသားစုဝင်တွေက ပြောပါတယ်။
2022-07-15
မြန်မာနိုင်ငံမှာ ဒီရက်ပိုင်းအတွင်း ဝါဆိုလပြည့်နေ့မှာ ရန်ကုန်မြို့ပေါ်ဗုံးကွဲလို့ ပြည်သူတွေ ထိခိုက်သေဆုံးဒဏ်ရာရတာတွေ ရှိသလို၊ စစ်အာဏာသိမ်းပြီးကတည်းက နယ်မြို့တွေ တိုင်းရင်းသားနယ်မြေတွေမှာလည်း အန္တရာယ်မျိုးစုံရင်ဆိုင်နေရပါတယ်။
2022-07-15
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားနိုင်ငံ ခရီးစဉ်အတွင်းမှာ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန ထိပ်တန်းအရာရှိတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပေမယ့်၊ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ခရီးစဉ်ကို အလွတ်သဘော လာရောက်တဲ့ ခရီးအဖြစ် ဖော်ပြခဲ့ပါတယ်။
2022-07-15
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးအကြီးအကဲ Pete Vowles မြန်မာပြည်က ထွက်ခွာရမှု၊ အနောက်နိုင်ငံ အများအပြားက မြန်မာနိုင်ငံမှာ သံအမတ်ကြီးအဆင့်မထားဘဲ ယာယီသံရုံးတာဝန်ခံတွေပဲ ထားရှိမှု၊ ရုရှားနဲ့ တရုတ်နိုင်ငံတွေနဲ့ စစ်ကောင်စီအကြား ဆက်ဆံရေး၊ NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ နိုင်ငံတကာဆက်ဆံရေး၊ နွေဦးတော်လှန်ရေးရဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားတာ နားဆင်ပါ။