တော်လှန်ရေးရဲ့ လက်ရှိအခြေအနေအကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ မေးမြန်းချက်
ခင်မောင်စိုး (ဝါရှင်တန် ဒီစီ)
2022.07.15
2022.07.15
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးအကြီးအကဲ Pete Vowles မြန်မာပြည်က ထွက်ခွာရမှု၊ အနောက်နိုင်ငံ အများအပြားက မြန်မာနိုင်ငံမှာ သံအမတ်ကြီးအဆင့်မထားဘဲ ယာယီသံရုံးတာဝန်ခံတွေပဲ ထားရှိမှု၊ ရုရှားနဲ့ တရုတ်နိုင်ငံတွေနဲ့ စစ်ကောင်စီအကြား ဆက်ဆံရေး၊ NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ နိုင်ငံတကာဆက်ဆံရေး၊ နွေဦးတော်လှန်ရေးရဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားတာ နားဆင်ပါ။