ဒီပဲယင်းကို စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံငါးထောင်ခန့် ထွက်ပြေးနေရ

2022.07.16
ဒီပဲယင်းကို စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံငါးထောင်ခန့် ထွက်ပြေးနေရ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှ ထွက်ပြေးနေကြရသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့က တွေ့ရစဉ်
ဓာတ်ပုံ - ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်သားတွေ ဇူလိုင်လ ၁၅ ရက်နေ့က စပြီး စစ်ကြောင်းနှစ်ကြောင်းနဲ့ နယ်မြေရှင်းလင်းရေးလုပ်နေတာကြောင့် ရွာပေါင်း ၁၅ ရွာ ခန့်က ဒေသခံ ငါးထောင်ထက်မနည်း ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ဆမရကန်၊ အုံးခါး၊ ကုန်းတဲ၊ အင်ပင်၊ ဒိုင်းနက်၊ ကံကြီး၊ သရက်တော၊ အောင်ချမ်း သာ၊ ချောင်းပေါက်၊ ကုန်းကြီး စတဲ့ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာပါ။

တိုက်ပွဲမရှိဘဲ သေနတ်တွေပစ်ပြီး စစ်ကြောင်းထိုးနေတာလို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ ညောင်လှရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ဘေးရှောင်ရသူတွေကတော့ တိုးပြီးရင်း တိုးလာတာပဲ။ စစ်ကောင်စီက တွေ့ရင်ဖမ်း တာ၊ သတ်တာ၊ နှိပ်စက်တာလုပ်တော့ သူတို့လာတာနဲ့ ပြေးကြတာပဲ။ မနေ့က နများမှာ တပ်စွဲထားတဲ့ စစ်သားတွေ ဒီမနက် ထွက်သွားကြပေမယ့် ပြည်သူတွေ မပြန်ရဲကြသေး ဘူး။ သူတို့က အခုထွက်သွားပေမယ့် ခနနေ ပြန်လာရင် ပြန်လာကြတာ“

စစ်ကြောင်းနှစ်ကြောင်းမှာ တစ်ကြောင်းက သစ်တုံးရွာမှာ တပ်စွဲထားသလို တစ်‌ကြောင်းက တော့ ညောင်လှရွာမှာ တပ်စွဲထားတယ်လို့ ဆိုပါတယ်။

စစ်ကြောင်းတွေအားလုံးမှာ စစ်ကောင်စီတပ်သား အင်အား ၁၅၀ လောက်ပါဝင်ပြီး ဘယ် တပ်တွေလဲ ဆိုတာကိုတော့ တိတိကျကျမသိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ကလည်း နများရွာအနီးကို စစ်ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး နှစ်ဦးထက်မနည်း ဒဏ်ရာရှိခဲ့ပါတယ်။

ဒီပဲယင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းထိုးနေတဲ့အပြင် စစ်ရဟတ် ယာဉ်နဲ့ပါ ပစ်ခတ်တာတွေ လုပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလိုပြောဆိုမှုနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

ဒါ့အပြင် ဇူလိုင်လ ၁၅ ရက် မနေ့မှာပဲ စစ်ကောင်စီတပ်သား‌တွေ ဝင်ရောက်ခဲ့တဲ့ ကုန်တဲရွာ က နေအိမ် ၁၇ လုံးနဲ့ မရန်ကန်ရွာက နေအိမ်နှစ်လုံး မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။