သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-05-06
ကနေဒါနိုင်ငံ တိုရန်တိုမြို့ မဟာဓမ္မိကကျောင်းကို မနေ့က လာရောက်လည်ပတ်တဲ့ ကနေဒါအစိုးရ နိုင်ငံသားနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝန်ကြီး Jason Kenney က မြန်မာပြည်က အပြောင်းအလဲတွေကို ကနေဒါနိုင်ငံအနေနဲ့ အကူအညီ အများအပြား ပေးသွားမယ်လို့ ပြောကြားလိုက်ပါတယ်။
2012-05-06
မြန်မာအစိုးရ လက်ရှိ ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးဟာ သမ္မတ ဦးသိန်းစိန်ထံ နုတ်ထွက်စာ တင်ထားတယ်လို့ သတင်းတွေ ထွက်နေပါတယ်။
2012-05-06
၂၀၁၀ သြင်္ကန်ဗုံးခွဲမှုနဲ့ စွပ်စွဲခံထားရတဲ့ ကိုဖြိုးဝေအောင်ကို လာမယ့် မေလ ၈ ရက်နေ့မှာ စီရင်ချက်ချတော့မှာ ဖြစ်ကြောင်းနဲ့၊ တရားစီရင်ရေးမှာ လွဲမှားမှုတွေရှိနေကြောင်း အာရှလူ့အခွင့်ရေး ကော်မရှင်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
2012-05-06
ကချင်ပြည် ဆင်ဘိုမြို့အနီး ဧရာဝတီမြစ်ပေါ်က ကျွန်းတကျွန်းမှာ အငြိမ်းစား စစ်အရာရှိဟောင်းတဦးက ရွှေတူးဖော်ဖို့ ပြင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2012-05-06
နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က အကျဉ်းထောင် အသီးသီးမှာ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုတွေရှိရာကို သွားရောက် အားပေးနေရာမှာ နိုင်ငံရေးအကျဉ်းသား စောဝီလျံနဲ့စောဖရန်စစ်တို့ရဲ့ မိသားစုတွေဆီကို ဒီကနေ့သွားရောက် အားပေးခဲ့တယ်လို့သိရပါတယ်။
2012-05-06
လာမယ့် မေလ ၁၀ ရက်နေ့မှာ ကျရောက်မယ့် စာရေးဆရာကြီး ဒဂုန်တာရာရဲ့ (၉၃)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့ မဟာဂန္ခာရုံကျောင်းတိုက်မှာ ဒီကနေ့မနက်က ကျင်းပခဲ့ပါတယ်။
2012-05-06
မိုးရာသီနီးလာတာနဲ့အမျှ ကချင်စစ်ပြေး ဒုက္ခသည်တွေအတွက် အကူအညီ ပိုလိုနေတယ်လို့ အဖြူရောင်တွဲလက်များ အဖွဲ့နဲ့ လိုက်ပါသွားပြီး ကချင်ပြည်နယ်နဲ့ တရုတ်နယ်စပ်က ဒုက္ခသည်စခန်းတွေကို ရောက်ခဲ့တဲ့ မဇင်မာအောင်က ပြောပါတယ်။
2012-05-06
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်အစိုးရရဲ့ ကမ္ဘာ့အမျိုးသမီးရေးရာ သံအမတ်ကြီး Melanne Verveer ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ ညနေမှာ တွေ့ဆုံပြီး အမျိုးသမီးရေး ကိစ္စတွေ အပါဝင် မြန်မာနိုင်ငံက တိုင်းရင်းသား အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြောင်း သိရပါတယ်။
2012-05-05
အခုတပတ် ဦးခင်မောင်စိုး စီစဉ်တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာပြီဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကနေ တိုင်းရင်းသားများရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပါအဝင် မြန်မာပြည်သူတွေအတွက် ဆောင်ရွက်ပေးနိုင်မယ့် အလားအလာတွေကို တိုင်းရင်းသား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂ ဦးက ပါဝင်ဆွေးနွေးကြပါလိမ့်မယ်။
2012-05-05
မြန်မာပြည်ရဲ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ သြစတြေးလျနိုင်ငံက ကူညီဆောင်ရွက်မှုတွေဟာ အကျိုးထိရောက်မှုရှိကြောင်း သြစတြေးလျကို ပြီးခဲ့တဲ့ သီတင်းပတ်က ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက မနေ့က ပြောဆိုပါတယ်။
2012-05-05
ကျောင်းသားသမဂ္ဂအဖွဲ့ခွဲတွေ တည်ထောင်ဖို့ ရည်ရွယ်ပြီး အထက်ဗမာပြည် ဗကသများအဖွဲ့ချုပ် ဖြစ်မြောက်ရေး ကော်မတီက မန္တလေးမြို့ မန္တလေး တက္ကသိုလ်အနီး ဗောဓိကုန်းဘုရားက ကဆုန်ညောင်ရေသွန်းပွဲမှာ ရန်ပုံငွေဈေးရောင်းပွဲ တစ်ရပ် ကျင်းပခဲ့ပါတယ်။
2012-05-05
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အေဒင်ရပ်ကွက် ရွှေလမ်းမကြီးပေါ်မှာ ဒီကနေ့မနက် ၆ နာရီ ခွဲလောက်က ဗုံး နှစ်လုံး ဆက်တိုက်ပေါက်ကွဲခဲ့ကြောင်း သိရှိရပါတယ်။
2012-05-05
ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံအတွင်း အဓမ္မစေခိုင်းမှုတွေ ပပျောက်အောင် ဆောင်ရွက်ဖို့ တပ်မတော်ကို ညွှန်ကြားမယ်လို့ မြန်မာနိုင်ငံကို ခေတ္တရောက်နေတဲ့ ILO အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ Mr. Greg Vines ကို ကတိပေး ပြောဆိုလိုက်ကြောင်း သတင်းရရှိပါတယ်။
2012-05-05
ထိုင်းနိုင်ငံအလယ်ပိုင်း၊ အယုဒ္ဓယခရိုင်၊ ဝမ်းနွဲ့ဒေသရှိ လယ်ယာစက်မှု ပစ္စည်းထုတ်လုပ်တဲ့ Fly Star စက်ရုံမှာရှိတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား (၂၂) ဦးဟာ သူတို့ရဲ့ ယာယီပတ်စပို့ဖိုးအတွက် လုပ်အားခထဲက ဖြတ်တောက်ခဲ့တာ ကြေသွားပြီဖြစ်ပေမယ့် သူတို့ပိုင်ဆိုင်တဲ့ ပတ်စပို့ကို လုပ်ငန်းရှင်ဖြစ်သူက ပြန်ထုတ်မပေးတဲ့အတွက် အလုပ်မဆင်းဘဲ ဆန္ဒပြနေတယ်လို့ သိရပါတယ်။
2012-05-04
ဂျာမဏီနိုင်ငံက လွှတ်တော်အစည်းအဝေးတွေကို တက်ရောက်လေ့လာဖို့ မြန်မာ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ မနက်ပိုင်းက ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကနေ ထွက်ခွာသွားပါတယ်။