သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-02-18
မြန်မာ့လွှတ်တော် ကိုယ်စားလှယ် အသစ်တွေကို နိုင်ငံတကာ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အတွေ့အကြုံတွေ သိရဖို့၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP၊ နိုင်ငံတကာ ပါလီမန်အမတ်များအဖွဲ့ IPU တို့နဲ့ ပူးပေါင်းဆောင်ရွက်နေ တဲ့ ဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး၊ ဂုဏ်သိက္ခာထိခိုက်စေတဲ့ သဘောနဲ့ လူမှုကွန်ရက်တချို့မှာ ရေးသားနေတာတွေ ကို ပြည်သူတွေသတိပြုဆင်ချင်ကြဖို့ ပြည်ထောင်စုလွှတ်တော်က မနေ့ကဖေဖေါ်ဝါရီလ ၁၈ ရက်နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2016-02-18
ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ငါးနှစ်တာ ကာလအတွင်း တရုတ်နိုင်ငံဘက် တရား မဝင်တင်ပို့တဲ့ သစ်မျိုးစုံ တန်ချိန်နှစ်သောင်းကျော်ကို ဖမ်းဆီး ရမိခဲ့တယ်လို့ သိရပါတယ်။
2016-02-18
ပြီးခဲ့တဲ့နှစ် မတ်လက အမျိုးသားပညာရေး ဥပဒေကို သပိတ်မှောက်တဲ့ ကျောင်း သား ကျောင်းသူတွေနဲ့ ဝန်းရံသူတွေကို အကြမ်းမဖက်ဖို့ ဆုတောင်းပွဲကျင်းပခဲ့တဲ့ Generation Wave အဖွဲ့က ကိုမိုဃ်းသွေး အပါအဝင် ၄ ဦးကို ရန်ကုန် တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ်တရားရုံးမှာ တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ ဒီနေ့ ရုံးတင်စစ်ဆေးခဲ့ ပါတယ်။
2016-02-18
ကယားပြည်နယ် လွိုင်ကော်မြို့မှာ ပညာရေးနဲ့ ဖံ့ွဖြိုးရေးဖောင်ဒေးရှင်းက ဒီနေ့ စတင်ကျင်းပဖို့ စီစဉ်ထားတဲ့ လူထုအခြေပြုငြိမ်း ချမ်းရေး နှီးနှောဖလှယ်ပွဲကို နိုင်ငံတော်သမ္မတရုံးက ခွင့်မပြု တာကြောင့် ပွဲကိုဖျက်သိမ်းလိုက်ရပါတယ်။
2016-02-18
လက်ရှိအချိန်ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အကျပ် အတည်း ဖြစ်နေတဲ့ကာလဖြစ်ပြီး အစိုးရသစ်လက်ထက် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပူပေါင်းပါဝင်နိုင်ဖို့အတွက် ကောင်းမွန်တဲ့ နည်းလမ်းတွေ စဉ်းစားကြဖို့ လိုအပ်ကြောင်း ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အရေးပေါ် အစည်းအဝေးမှာ ဆွေးနွေးကြတယ်လို့ လက်နက်ကိုင် တိုင်းရင်းသားခေါင်းဆောင်တွေက ပြောပါတယ်။
2016-02-18
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးက လွှတ်တော် ဥက္ကဌတွေနဲ့ ဒုတိယ ဥက္ကဌတွေ နေပြည်တော်မှာ လာမယ့်ဖေဖော်ဝါရီလ ၂၂ ရက်၊ တနင်္လာနေ့ တွေ့ဆုံကြမယ်လို့ သိရပါတယ်။
2016-02-18
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရသစ်တက်လာတာနဲ့ မုံရွာလက် ပံတောင်းတောင် ကြေးနီစီမံကိန်းလုပ်ငန်းတွေ ကို မေလအတွင်း စတင်မယ်လို့ တရုတ်ဝမ်ပေါင် ကုမ္ပဏီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2016-02-18
TNLA တအာန်းလွတ်မြောက်ရေးတပ်ဖွဲ့နဲ့ RCSS /SSA ရှမ်းပြည်ထူထောင်ရေးကောင်စီတပ်ဖွဲ့ တို့ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် နှစ်ဖက်အထိ အခိုက် အဆုံးအရှုံးတွေရှိနေတယ်လို့ သိရသလို ၊ ဒေသခံ ပြည်သူတွေလည်း ထောင်နဲ့ချီပြီး စစ်ပြေး ဒုက္ခသည်ဖြစ်နေရပါတယ်။
2016-02-18
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ တပ်မတော်ရဲ့ သဘောထားနဲ့ ထပ်တူဖြစ်ကြောင်း ပါတီရဲ့ဗဟိုကော်မတီဝင် ဦးတင့်ဇော်က ပြောပါတယ်။
2016-02-18
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးကို တက်ရောက်နေတဲ့ ကိုယ်စားလှယ်အသစ်တွေကို လွှတ်တော်ဆိုင်ရာလုပ်ငန်းတွေ ရှင်းလင်းတင်ပြတဲ့ ၅ ရက်ကြာ သင်တန်းဟာ ကိုယ်စားလှယ်တွေရဲ့ အရည်အသွေးကို မြှင့်တင်ပေးတာဖြစ်ပြီး နိုင်ငံတကာက လွှတ်တော်အမတ်တွေနဲ့ ဝိုင်းဝန်းဆွေးနွေးကြတဲ့ သဘောမျိုးဖြစ်တယ်လို့ ပြည်တွင်းပညာရှင်အနေနဲ့ သင်တန်းမှာ ဆွေးနွေးပို့ချနေတဲ့ Equality Myanmar ညီမျှခြင်းမြန်မာ အဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။
2016-02-18
ပြီးခဲ့တဲ့ ဇန်နဝါရီလက ကျင်းပခဲ့တဲ့ ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ကိုယ်စားလှယ်အဖြစ် တက်ရောက်ဆွေးနွေးခဲ့ကြသူတွေက သူတို့ရဲ့အတွေ့အကြုံတွေကို ပြန်လည်မျှဝေဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်က ယုဒဿန်ခန်းမမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။ အဲ့ဒီဆွေးနွေးပွဲမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမြအေး၊ နိုင်ငံရေးလေ့လာသူ ဦးကျော်လင်းဦး၊ ဒေါ်ခင်မမမျိုး၊ ဦးခွန်မြင့်ထွန်း စတဲ့ ကိုယ်စားလှယ် ၇ ဦး တက်ရောက်ခဲ့ပါတယ်။
2016-02-18
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနဲ့ ကျောက်မဲမြို့နယ်တွေမှာ ဖြစ် ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ဖို့နဲ့ စစ်ဘေးဒုက္ခ သည်တွေကို အကူအညီပေးဖို့ အစိုးရထံ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ပြည်သူ့ လွှတ်တော်မှာ ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2016-02-18
ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ကြုံတွေ့ခဲ့ရတဲ့ အားနည်းချက်၊ အားသာချက်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ မီဒီယာတွေနဲ့ နိုင်ငံရေးပါတီတွေက ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2016-02-18
ရှမ်းပြည်မြောက်ပိုင်းက ပလောင်- ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ဒေသ နဲ့ ကျောက်မဲမြို့နယ်တွေမှာ ဖြစ်ပွားနေ တဲ့ တိုက်ပွဲတွေရပ်တန့်ဖို့နဲ့ စစ်ဘေးဒုက္ခသည်တွေ ကို အကူအညီပေးဖို့ အစိုးရကို တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်မှာ ဖေဖော်ဝါရီ လ ၁၇ ရက်နေ့ ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2016-02-18
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း RCSSနဲ့ TNLA တိုင်းရင်းသား လက်နက်ကိုင် တပ်တွေ အကြားဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က နေရပ်စွန့် ခွာထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ ထော်လာဂျီတစ်စီး တိမ်းမှောက်ခဲ့ပြီး ရွာသား၄ဦး သေဆုံးကာ ဆယ်ဦးကျော် ဒဏ်ရာရခဲ့ပါတယ်။