ပြည်သူတွေ သတိထားဖု့ိ လွှွတ်တော် ပန်ကြား
2016.02.18

မြန်မာ့လွှတ်တော် ကိုယ်စားလှယ်အသစ်တွေကို နိုင်ငံတကာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အတွေ့အကြုံတွေ သိရဖို့၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP၊ နိုင်ငံတကာ ပါလီမန်အမတ်များအဖွဲ့ IPU တို့နဲ့ ပူးပေါင်းဆောင်ရွက်နေ တဲ့ ဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး၊ ဂုဏ်သိက္ခာထိခိုက်စေတဲ့သဘောနဲ့ လူမှုကွန်ရက်တချို့မှာ ရေးသားနေတာတွေ ကို ပြည်သူတွေသတိပြုဆင်ချင်ကြဖို့ ပြည်ထောင်စုလွှတ်တော်က မနေ့ကဖေဖေါ်ဝါရီလ ၁၈ ရက်နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံတကာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လွှတ်တော်လုပ်ငန်းဆိုင်ရာ အတွေ့အကြုံတွေ၊ ဥပဒေပြုတာတွေ ၊ စောင့်ကြည့်လေ့လာတာတွေ၊ အပြန်အလှန် ဘယ်လိုထိန်းကျောင်းလဲဆိုတာတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်တဲ့ဆွေးနွေးပွဲတွေကို ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် UNDP၊ နိုင်ငံတကာပါလီမန်အမတ်များအဖွဲ့ IPU တို့က အခြားမိတ်ဖက်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး၊ ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ကနေ ၁၉ ရက်နေ့ထိ နေပြည်တော်မှာပြုလုပ်နေတာလို့ ဖေါ်ပြထားပါတယ်။
ဒါကြောင့် ဒီမိုကရေစီစနစ်ဆီ သိမ်မွေ့ညင်သာအောင် အသွင်ကူးပြောင်းနေတဲ့ အခုလိုကာလမှာ လွှတ်တော်တွေနဲ့ နိုင်ငံတကာဆက်ဆံရေးကို မထိခိုက်အောင်၊ ပြည်သူတွေကြားမှာ အထင်အမြင် မလွှဲရအောင်၊ အပြုသဘော မဆောင်တဲ့ ရေးသားဖေါ်ပြချက်တွေ သတိပြုဆင်ချင်ကြဖို့ ထုတ်ပြန်တဲ့ အကြောင်း ပြည်ထောင်စုလွှတ်တော် ရဲ့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။