လွိုင်ကော် လူထုနှီးနှောဖလှယ်ပွဲ သမ္မတရုံးခွင့်မပြုမှုကြောင့် ဖျက်သိမ်းလိုက်ရ


2016.02.18
kayah-state-forum-620.jpg ကယားပြည်နယ် လွိုင်ကော်မြို့မှာ ပညာရေးနဲ့ ဖံ့ွဖြိုးရေးဖောင်ဒေးရှင်းက ဖေဖော်ဝါရီလ ၁၈ ရက်နေ့က စတင်ကျင်းပဖို့ စီစဉ်ထားတဲ့ လူထုအခြေပြုငြိမ်းချမ်းရေး နှီးနှောဖလှယ်ပွဲကို နိုင်ငံတော်သမ္မတရုံးက ခွင့်မပြုတာကြောင့် ပွဲကိုဖျက်သိမ်းလိုက်စဉ်
ဓါတ်ပုံ - ကိုကျော်ထင်အောင်

ကယားပြည်နယ် လွိုင်ကော်မြို့မှာ ပညာရေးနဲ့ ဖံ့ွဖြိုးရေးဖောင်ဒေးရှင်းက ဒီနေ့ စတင်ကျင်းပဖို့ စီစဉ်ထားတဲ့ လူထုအခြေပြုငြိမ်းချမ်းရေး နှီးနှောဖလှယ်ပွဲကို နိုင်ငံတော်သမ္မတရုံးက ခွင့်မပြုတာကြောင့် ပွဲကိုဖျက်သိမ်း လိုက်ရပါတယ်။

ပြည်နယ်နဲ့ မြို့နယ်အဆင့်ရဲတပ်ဖွဲ့ရဲ့ ခွင့်ပြုချက်ရထားပြီးဖြစ်ပေမယ့် နိုင်ငံတော်သမ္မတရုံးက ခွင့်မပြုဖို့ ညွှန်ကြားလာတယ်ဆိုပြီး မနေ့က ခရိုင်အုပ်ချုပ်ရေးမှူးက ခေါ်ပြီးအသိပေးတာဖြစ်တယ်လို့ ပညာရေးနဲ့ ဖံ့ွဖြိုးရေးဖောင်ဒေးရှင်းက ကိုဗညားက ပြောပါတယ်။

"မနေ့က ညနေစောင်းလောက်မှာ ကျနော့်ကို သက်ဆိုင်ရာပြည်နယ်ရုံးကနေ ဖုန်းဆက်လာပြီးမှ သူတို့ကနေ ဘာပြောလဲဆိုတော့ ပြည်နယ်ဝန်ကြီးတစ်ပါးကနေ တဆင့်ပေါ့နော် ဒီပွဲကို သမ္မတရုံးရဲ့အမိန့်အရပေါ့နော် ပိတ်ပစ်ဖို့အတွက် မဟုတ်ရင်လည်း ပိတ်ရင်ပိတ်တယ်ဆိုပြီးတော့မှ ကျနော်ကို နှုတ်အားဖြင့်နဲ့ပြောပါတယ်၊ သမ္မတရုံးရဲ့ ခွင့်ပြုချက် မရတဲ့အတွက်ကြောင့်မို့လို့ ပိတ်ခိုင်းတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ ပိတ်လိုက်ပါတယ်ဆိုပြီးတော့ တက်လာတဲ့အဖွဲ့တွေကို အသိပေးစာတစ်စောင် ထုတ်ပေးလိုက်တယ်"

အဲ့ဒီပွဲမှာ ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ပေါ်ပေါက်လာပုံနဲ့ နောင်ဆက်လက်ကျင်းပမယ့် ညီလာခံအခြေအနေတွေ၊ ပြည်နယ်အဆင့်မှာ KNPP နဲ့ ပြည်နယ်အစိုးရကြား ဖဲ့ွစည်းထားတဲ့ အပစ်ခတ်စောင့် ကြည့်လေ့လာရေးကော်မတီ JMC ရဲ့ လုပ်ငန်းစဉ်တွေကို ဆွေးနွေးဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

အဲ့ဒီနှီးနှောဖလှယ်ပွဲကို နှစ်ရက်ကြာကျင်းပဖို့ စီစဉ်ထားတာဖြစ်ပြီး ကရင်နီပြည်လူငယ်များသမဂ္ဂ UKSY, ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ နိုင်ငံရေးပါတီတချို့က ကိုယ်စားလှယ်တွေ၊ UPDJC ကိုယ်စားလှယ်တွေကို ဖိတ်ကြားထားတာဖြစ်တယ်လို့ သိရပါတယ်။

နှီးနှောဖလှယ်ပွဲကို ဦးစီးကျင်းပတဲ့ ပညာရေးနဲ့ ဖံ့ွဖြိုးရေးဖောင်ဒေးရှင်းက ကိုဗညားကို RFA သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။