ညီမျှခြင်းမြန်မာ အဖဲ့ွ ဒါရိုက်တာ ဦးအောင်မျိုးမင်းနဲ့ မေးမြန်းချက်
2016.02.18
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးကို တက်ရောက်နေတဲ့ ကိုယ်စားလှယ်အသစ်တွေကို လွှတ်တော်ဆိုင်ရာလုပ်ငန်းတွေ ရှင်းလင်းတင်ပြတဲ့ ၅ ရက်ကြာ သင်တန်းဟာ ကိုယ်စားလှယ်တွေရဲ့ အရည်အသွေးကို မြှင့်တင်ပေးတာဖြစ်ပြီး နိုင်ငံတကာက လွှတ်တော်အမတ်တွေနဲ့ ဝိုင်းဝန်းဆွေးနွေးကြတဲ့ သဘောမျိုးဖြစ်တယ်လို့ ပြည်တွင်းပညာရှင်အနေနဲ့ သင်တန်းမှာ ဆွေးနွေးပို့ချနေတဲ့ Equality Myanmar ညီမျှခြင်းမြန်မာ အဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။
Equality Myanmar ညီမျှခြင်းမြန်မာ အဖဲ့ွ ဒါရိုက်တာ ဦးအောင်မျိုးမင်းကို RFA သတင်းထောက် ကိုမျိုးသန့်ခိုင် က တွေ့ဆုံမေးမြန်းထားပါတယ်။