နိုင်ငံရေးလေ့လာသူ ဦးကျော်လင်းဦးနဲ့ မေးမြန်းချက်
2016.02.18
ပြီးခဲ့တဲ့ ဇန်နဝါရီလက ကျင်းပခဲ့တဲ့ ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ကိုယ်စားလှယ်အဖြစ် တက်ရောက်ဆွေးနွေးခဲ့ကြသူတွေက သူတို့ရဲ့အတွေ့အကြုံတွေကို ပြန်လည်မျှဝေဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်က ယုဒဿန်ခန်းမမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။ အဲ့ဒီဆွေးနွေးပွဲမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမြအေး၊ နိုင်ငံရေးလေ့လာသူ ဦးကျော်လင်းဦး၊ ဒေါ်ခင်မမမျိုး၊ ဦးခွန်မြင့်ထွန်း စတဲ့ ကိုယ်စားလှယ် ၇ ဦး တက်ရောက်ခဲ့ပါတယ်။
ပထမအကြိမ် ငြိမ်းချမ်းရေးညီလာခံမှာ တက်ရောက်ဆွေးနွေးခဲ့တဲ့ နိုင်ငံရေးလေ့လာသူ ဦးကျော်လင်းဦးကို RFA သတင်းထောက် ကိုကျော်သူ က တွေ့ဆုံမေးမြန်းထားပါတယ်။