သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-09-05
ရန်ကုန်မြို့ အိန္ဒိယ သံရုံးမှာ ကျင်းပနေတဲ့ ဘင်္ဂါလီ စာဆိုကြီး ရာဘန္ဒြာ နသ်တဂိုး Rabindranath Tagore ရဲ့ နှစ် (၁၅ဝ) ပြည့် အထိမ်းအမှတ် ပန်းချီပြပွဲကို မနေ့ ညနေပိုင်းက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ကြည့်ရှုခဲ့ပါတယ်။
2011-09-05
ကချင်ပြည်နယ်အတွင်း မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ကန့်ကွက်တဲ့ အနေနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဆွေးနွေးဟောပြောပွဲတရပ်ကို မိုးညင်းမြို့မှာ ဒီကနေ့မနက်က ကျင်းပခဲ့ပါတယ်။
2011-09-05
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၄ဝ၉) အရ နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်တဲ့ အခန်း (၁ဝ) ခန်းကို ပြည်ထောင်စုလွှတ်တော်ကနေ လိုအပ် သလို ပြင်ဆင် ပြဌာန်းတော့မယ်လို့ သိရပါတယ်။
2011-09-05
"They Call It Myanmar" လို့ အမည် ပေးထားတဲ့ မြန်မာနိုင်ငံအကြောင်း မှတ်တမ်းရုပ်ရှင်ကို အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ နဲ့ နယူးယောက်မြို့တွေ မှာ မကြာခင် ပြသနိုင်အောင် စီစဉ်နေတယ်လို့ ဒါရိုက်တာ Robert Liberman က အာအက်ဖ်အေကို ပြောပါတယ်။
2011-09-05
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝနဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို ရိုက်ကူးထားတဲ့ The Lady ဇာတ်ကားကို စက်တင်ဘာလ ၁၂ ရက်နေ့ ကနေဒါနိုင်ငံ တိုရန်တိုမြို့မှာ ကျင်းပမယ့် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ စတင်ပြသမှာ ဖြစ်ပါတယ်။
2011-09-04
နောက်ဆုံးထွက်ပေါ်လာတဲ့ Wikileaks အင်တာနက်စာမျက်နှာက အမေရိကန်အစိုးရ သံရုံး သတင်း ပေးပို့ချက်များထဲမှာ ၂ဝဝ၆ ခုနှစ်က မြောက်ကိုရီးယားနဲ့ မြန်မာစစ်အစိုးရတို့ဟာ လက်နက်အရောင်းအဝယ် ရှိခဲ့ပြီး ဒီအရောင်းအဝယ်အတွက် မြန်မာဘက်က ဆန်နဲ့ ပေးချေခဲ့တယ်လို့ ဖော်ပြထားပါတယ်။
2011-09-04
ဒီကနေ့ စက်တင်ဘာလ ၄ ရက်၊ တနင်္ဂနွေနေ့လည် ၁ နာရီမှာ ရွှေတိဂုံဘုရား ရင်ပြင်တော်မှာ မြန်မာပြည်ငြိမ်းချမ်းရေး၊ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် ရည်ရွယ်ပြီး မေတ္တာပို့ ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2011-09-04
လာမယ့် အင်္ဂါနေ့မှာ ထုတ်ဝေမယ့် “ပြည်သူခေတ်” အပတ်စဉ်ထုတ် ဂျာနယ်မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရေးသားတဲ့ ဆောင်းပါးနဲ့အတူ ဒေါ်အောင်ဆန်းစုကြည် မျက်နှာဖုံးပြည့် ဓာတ်ပုံကိုပါ ဂျာနယ်မျက်နှာဖုံး အဖြစ် မြန်မာအစိုးရ စာပေစိစစ်ရေးအဖွဲ့က ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။
2011-09-04
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ မြန်မာနိုင်ငံမှာ လောလောဆယ် ကျင်းပ ပြုလုပ်နေတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဆွေးနွေး၊ အတည်ပြုကြတဲ့ ဥပဒေကြမ်းတွေ အကြောင်းကို အခြေပြု ဆွေးနွေးထားကြပါတယ်။
2011-09-04
ပြည်တွင်းထုတ် သတင်းဂျာနယ်တွေမှာ ပထမဆုံးအကြိမ်အဖြစ် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းကို ဖော်ပြဖို့ စက်တင်ဘာလ ၄ ရက်နေ့မှာ ဖြန့်ချိမယ့် Messenger သတင်းဂျာနယ်ကို စာပေစိစစ်ရေးအဖွဲ့က ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။
2011-09-03
အင်းစိန်အကျဉ်းထောင်မှာ ထောင်ဒဏ် အနှစ် ၂ဝ ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဇော်လင်းထွန်း ကို ထောင်ဆေးရုံကနေ မနေ့က အင်းစိန်ဆေးရုံကြီးကို ပြောင်းရွှေ့လိုက်တယ်လို့ သိရပါတယ်။
2011-09-03
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်မဟာ (၄) ထိန်းချုပ်နယ်မြေ အတွင်းက ကျေးရွာ ၂ ရွာကို မြန်မာအစိုးရတပ် ထိန်းချုပ်ရာနယ်မြေ အတွင်းက ကားလမ်းအနီးကို စုစည်းကျေးရွာတွေ အဖြစ် ဒီကနေ့ အဓမ္မရွှေ့ပြောင်းလိုက်ကြောင်း KIA တပ်မှူးတဦးက ပြောပါတယ်။
2011-09-03
မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၄ ဦး ထပ်တိုးလာတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက် ရေး အသင်း (မြန်မာနိုင်ငံ) AAPP-B ရဲ့ သြဂုတ်လအတွက် ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
2011-09-03
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ‘စောင့်ကြည့်သင့်တယ်’ ဆိုတဲ့ ဥရောပသမဂ္ဂ EU အဖွဲ့ရဲ့ ချဉ်းကပ်ပုံကို တာဝန်မဲ့တဲ့ လုပ်ရပ်အဖြစ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က ဝေဖန်လိုက်ပါတယ်။
2011-09-03
လာမယ့် စက်တင်ဘာလ ၁၅ ရက်နေ့ မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို မြန်မာအစိုးရက ပထမဆုံးအကြိမ်အဖြစ် နေပြည်တော် မှာ ကျင်းပသွားမယ်လို့ အခမ်းအနား တက်ရောက်ဖို့ ဖိတ်ကြားခံရသူတွေက ပြောပါတယ်။