နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပြန်လည်ပြင်ဆင်ဖွယ်ရှိ

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၄ဝ၉) အရ နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်တဲ့ အခန်း (၁ဝ) ခန်းကို ပြည်ထောင်စုလွှတ်တော်ကနေ လိုအပ် သလို ပြင်ဆင် ပြဌာန်းတော့မယ်လို့ သိရပါတယ်။

2011.09.05

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က - ရွေးကောက်ပွဲမတိုင်ခင် အရင် စစ်အစိုးရ ပြဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်တဲ့ ဥပဒေတချို့ကို ဒီဥပဒေကြမ်းကနေ အလျှော့အတင်း ပြုလုပ်ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း၊ မတင်းကြပ်တဲ့ ဥပဒေတွေကို အတည်ပြုပေးနိုင်ရင် လူထုကြားထဲမှာ ပိုပြီး လက်ခံနိုင်မှာ ဖြစ်ကြောင်း၊ ၁၉၉ဝ ခုနှစ်အတွင်းက နိုင်ငံရေးပါတီတွေလည်း ပြန်လည် မှတ်ပုံတင်နိုင်တဲ့ အခြေအနေမျိုး ရောက်သွားမှာဖြစ်ကြောင်း ပြောဆိုပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကို ပြောင်းလဲပြင်ဆင်မယ် ဆိုပေမယ့် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင်အတွင်းမှာပဲ ဖြစ်တယ်လို့ ဒေါက်တာအေးမောင်က ဆိုပါတယ်။

ဥပဒေကြမ်းမှာ ပါတဲ့ ပုဒ်မတခုမှာတော့ “နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာကို စောင့်သိရိုသေသော စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ပါတီစုံ ဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးတဲ့ နိုင်ငံရေးပါတီများ ဖွဲ့စည်းနိုင်ဖို့” ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။