ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းခန်း ပြည်တွင်းဂျာနယ် ဖော်ပြခွင့် ရရှိ
2011.09.04

Image: RFA
Messenger သတင်းဂျာနယ်ရဲ့ အယ်ဒီတာအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမေးမြန်းထားတာကို စာပေစိစစ်ရေးအဖွဲ့က မဖြတ်မတောက်ဘဲ ခွင့်ပြုခဲ့တယ်လို့ဆိုပါတယ်။
ဒါနဲ့ ပတ်သက်ပြီး အဲဒီ သတင်းဂျာနယ် တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။
“သူ လွတ်လာပြီးမကြာခင် ၂ဝ၁ဝ ဒီဇင်ဘာလ ကတည်းက အင်တာဗျူး ရထားတဲ့ဟာကို အပတ်စဉ် တင်နေရာကနေ အခုမှ လွတ်လာတာပါ။ သူတို့ ဘာကြောင့် ပေးလိုက်တာလဲတော့ မသိဘူး၊ သူတို့ဘက်က ဘာရှိလဲဆိုတာ။ အပတ်စဉ် အပတ်စဉ် အဲဒါလေးကို တင်လာခဲ့တာ ဒီတပတ်မှ ဖော်ပြခွင့်ရတာပါ”
၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာစဉ်မှာ ပြည်တွင်းဂျာနယ်တွေက တွေ့ဆုံမေးမြန်းပြီး ဖော်ပြဖို့ ကြိုးစားခဲ့ပေမယ့် စာပေစီစစ်ရေးက ခွင့်မပြုခဲ့ပါဘူး။