အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ နေပြည်တော်မှာ ကျင်းပမည်
2011.09.03

အခမ်းအနားကို တက်ရောက်ဖို့အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံခြား သတင်းဌာနတွေကို ဖိတ်ကြားထားတယ်လို့ ရန်ကုန်မြို့က နိုင်ငံံခြားသတင်းထောက်များအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့က သတင်းထောက်တဦးက အခုလို မှတ်ချက်ပေးပါတယ်။
“အရင်တုန်းက သူတို့ ဒီမိုကရေစီ ဆိုတဲ့ အသံတောင်မှ မကြားချင်တာ။ အခု အခမ်းအနား လုပ်တယ်ဆိုတော့ နည်းနည်းတော့ ထူးတာပေါ့။ နှစ်ပတ်လောက်အတွင်းမှာတော့ အပြောင်းအလဲတွေ အံ့အားသင့်ဖို့တွေ အများကြီးပဲ။ တခုပြီးတခု ပြောင်းနေတာပဲ။ ဟုတ်လား မဟုတ်လားတော့ နောက်ပိုင်း ကြည့်ရမှာပေါ့ ”
ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေမှာ ဒီမိုကရေစီစနစ် ထွန်းကားလာရေးကို ရည်ရွယ်ပြီး စက်တင်ဘာလ ၁၅ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံက ၂ဝဝ၇ ခုနှစ်မှာ ဆုံးဖြတ်ချက် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။