မြစ်ဆုံရေကာတာ ကန့်ကွက်တဲ့ ဆွေးနွေးပွဲ

ကချင်ပြည်နယ်အတွင်း မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ကန့်ကွက်တဲ့ အနေနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဆွေးနွေးဟောပြောပွဲတရပ်ကို မိုးညင်းမြို့မှာ ဒီကနေ့မနက်က ကျင်းပခဲ့ပါတယ်။

2011.09.05

မိုးညင်း နိုင်ငံသားများကွန်ရက်အဖွဲ့က ကြီးမှူးကျင်းပတဲ့ ဒီဟောပြောပွဲမှာ ကချင်ပြည်နယ်မှာ တည်ဆောက်နေတဲ့ မြစ်ဆုံရေကာတာနဲ့ ပတ်သက်ပြီး အဓိက ဆွေးနွေးခဲ့ကြကြောင်း ဟောပြောပွဲမှာ ပါဝင်တဲ့ ဦးမောင်လှက ပြောပါတယ်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ “ဧရာဝတီအတွက် ပန်ကြားချက်” ထွက်ပေါ်လာပြီးနောက် ကချင်ပြည်နယ်အတွင်း တိုင်းပြည် တည်ဆောက်ရေးအတွက် တဘက်တလမ်းက အထောက်အကူ ပြုစေဖို့ ရည်ရွယ်ပြီး ဆွေးနွေးပွဲ ကျင်းပရတာ ဖြစ်တယ်လို့ ပါဝင်ဆွေးနွေးသူတွေက ပြောပါတယ်။

ဒီဟောပြောပွဲကို ကချင်ပြည်နယ်အတွင်းက တိုင်းရင်းသားခေါင်းဆောင်တွေ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကချင်ပြည်နယ်မြို့နယ် အသီးသီးက ခေါင်းဆောင်တွေ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေနဲ့ ပြည်သူတွေ တက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။