သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-09-08
စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ တရုတ်သမတ Hu Jintao နဲ့ ဘေဂျင်းမြို့တော်မှာ ဒီကနေ့ စက်တင်ဘာ ၈ ရက် ဒေသစံတော်ချိန် ညနေ ငါးနာရီလောက်က တွေ့ဆုံပြီးတဲ့နောက် နှစ်နိုင်ငံ ချစ်ကြည်မှု၊ ပူးပေါင်း ဆောင်ရွက်မှုနဲ့ ယုံကြည်မှုတွေ ပိုမိုတိုးပွားဖို့ မျှော်လင့်ကြောင်း ပြောဆိုလိုက်ပါတယ်။
2010-09-07
တိုင်းရင်းသား စည်းလုံးညီညွတ်ရေး (တစည) ပါတီဟာ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်ခဲ့တဲ့ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီကို အမွေဆက်ခံ ထူထောင်ထားတဲ့ ပါတီ ဖြစ်ပေမဲ့ လက်ရှိ စစ်အစိုးရ ရဲ့ သြဇာခံမဟုတ်ဘူးလို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဟန်ရွှေက RFA ကို ပြောပါတယ်။
2010-09-07
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တရုတ်နိုင်ငံကို အင်္ဂါနေ့က အလည်အပတ်ခရီး ရောက်လာတဲ့အချိန်မှာ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာ ရွေးကောက်ပွဲကို ဝင်ရောက် မစွက်ဖက်ကြဖို့ တရုတ်အစိုးရက သတိပေးပြောလိုက်ပါတယ်။
2010-09-07
ပဲခူးမြို့မှာ အရပ်သားလူငယ်နှစ်ဦးကို စစ်တပ်က ပစ်ခတ် သတ်ဖြတ်လိုက်တဲ့ လုပ်ရပ်ဟာ မြန်မာစစ်တပ်ရဲ့ လူ့ အခွင့်အရေး ထပ်မံ ချိုးဖောက်မှုတခုပဲလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် ကင်တားနားက ဒီကနေ့ စက်တင်ဘာ ၇ ရက်မှာ RFA ကို ပြောကြားပါတယ်။
2010-09-07
ပဲခူးမြို့မှာ သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးသူ လူငယ်နှစ်ဦးရဲ့ ဈာပနကို နိုင်ငံရေးအဖွဲ့အစည်းတွေ သွားရောက်ခဲ့ပေမဲ့ လွမ်းသူ့ပန်းခွေ ချခွင့်နဲ့ ကာယကံရှင် မိသားစုတွေနဲ့ တွေ့ဆုံခွင့်မရခဲ့ဘူးလို့ ပဲခူးမြို့ကို သွားရောက်သူု နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေက ပြောပါတယ်။
2010-09-06
မနက်ဖြန် အင်္ဂါနေ့ကစပြီး တရုတ်နိုင်ငံကို ၄ ရက်ကြာ ချစ်ကြည်ရေးခရီး ရောက်လာမယ့် မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ခရီးစဉ်မှာ မြန်မာနိုင်ငံက ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးတယူ ဖြေရှင်းရေးနဲ့ ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲကို လွတ်လပ် တရားမျှတအောင် ကျင်းပရေး ဖိအားပေး ပြောကြားဖို့ အမေရိကန်ပြည်ထောင်စု နယူးယောက် အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က တရုတ်အစိုးရကို ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
2010-09-06
စစ်အစိုးရ ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲကိစ္စ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့စည်းတွေရဲ့ အရေး စတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်တွေနဲ့ ပတ်သက်ပြီး ဒီမိုကရေစီရေး ဆောင်ရွက်နေတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့က ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2010-09-06
ပဲခူးမြို့မှာ စနေနေ့ညက နယ်မြေခံစစ်တပ်က သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် လူငယ် ၂ ဦး သေဆုံးခဲ့ပြီး နောက်ပိုင်း လုံခြုံရေး အထူး တင်းကြပ်ထားတယ်လို့ သိရပါတယ်။ သေဆုံးသူ လူငယ်နှစ်ဦးရဲ့ ရုပ်အလောင်းတွေကို လောလော ဆယ် ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံမှာ ထားပြီး မနက်ဖြန်သြင်္ဂိုဟ်ဖို့ စီစဉ်ထားကြောင်း အာဏာပိုင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2010-09-05
ပဲခူးမြို့မှာ နယ်မြေခံစစ်တပ် အရာရှိတွေနဲ့ အရပ်သားလူငယ်တွေ စကားများ အခြေအတင် ဖြစ်ပွားရာက နောက်ပိုင်းမှာ စစ်သားတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် လူငယ် ၂ ဦး သေဆုံးသွားတယ်လို့ သေဆုံးသူတွေရဲ့ မိဘတွေနဲ့ ဒေသခံတွေက အာအက်ဖ်အေကို ပြောပါတယ်။
2010-09-05
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ဆက်လက်ရပ်တည်ခွင့်မရှိအောင် မတရားသဖြင့် ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ ပတ်သက်လို့ စစ်အစိုးရကို အမှုနှစ်မှုနဲ့ တရားစွဲဆိုဖို့ ပြင်ဆင်နေပြီလို့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ရှေ့နေ ဦးဉာဏ်ဝင်းက ပြောပါတယ်။
2010-09-05
အခုတပတ် ဦးခင်မောင်စိုး စီစဉ်တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ လာမယ့် နိုဝင်ဘာလ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ နောက်ဆုံး အခြေအနေတွေကို ဆွေးနွေးထားကြပါတယ်။
2010-09-04
လာမယ့် စက်တင်ဘာလ ၂၄ ရက်နေ့ အမေရိကန်သမ္မတ အိုဘားမားနဲ့ အာစီယံခေါင်းဆောင်တွေ နယူးယောက်မြို့မှာ တွေ့ဆုံတဲ့အခါ အဓိကဆွေးနွေးကြမယ့် အကြောင်းအရာတွေထဲမှာ မြန်မာနိုင်ငံ အရေးကိစ္စလည်း ပါဝင်နိုင်တယ်လို့ သိရပါတယ်။
2010-09-04
စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ ကလေးဝ မြို့နယ်တွေက ကျေးရွာတွေမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဓာတ်မြေသြဇာ ရောင်းချတဲ့ ကုမ္ပဏီတခုနဲ့ ပေါင်းပြီး လယ်သမားတွေကို ငွေထုတ်ချေးပေးပြီး အဲဒီငွေနဲ့ပဲ ဓာတ်မြေသြဇာအိတ်တွေ အဓမ္မ ဝယ်ခိုင်းနေတယ်လို့ သိရပါတယ်
2010-09-04
နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အပါအဝင် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်အစိုးရအကြား တင်းမာနေတဲ့ အခြေအနေကို စိုးရိမ်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ အကျိုးဆောင်ရှေ့နေ ဦးဉာဏ်ဝင်းနဲ့ တွေ့ဆုံရာမှာ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
2010-09-04
မြန်မာပြည် နိုင်ငံရေးအကျဉ်းသားများနဲ့ မိသားစုတွေကို ကူညီထောက်ပံ့ရေး ရန်ပုံငွေ ရှာဖွေတဲ့အနေနဲ့ Burma Campaign UK အဖွဲ့ရဲ့ ညှိနှိုင်း ဆောင်ရွက်ရေးမှူး မဝေနှင်းပွင့်သုန်ဟာ ဒိုင်ဗင်ခုန် ကစားပွဲ တမျိုးမှာ ပါဝင် လှုပ်ရှားမယ်လို့ သိရပါတယ်။