အမေရိကန်သမ္မတနဲ့ အာစီယံဆွေးနွေးပွဲ မြန်မာ့အရေး ထိပ်ဆုံးက ပါဖို့ရှိ

လာမယ့် စက်တင်ဘာလ ၂၄ ရက်နေ့ အမေရိကန်သမ္မတ အိုဘားမားနဲ့ အာစီယံခေါင်းဆောင်တွေ နယူးယောက်မြို့မှာ တွေ့ဆုံတဲ့အခါ အဓိကဆွေးနွေးကြမယ့် အကြောင်းအရာတွေထဲမှာ မြန်မာနိုင်ငံ အရေးကိစ္စလည်း ပါဝင်နိုင်တယ်လို့ သိရပါတယ်။

2010.09.04
obama_greeting_305_z အမေရိကန်သမတ ဘာရက် အိုဘားမား။ (Photo: AFP)
AFP

ကုလသမဂ္ဂ နှစ်ပတ်လည် အထွေထွေညီလာခံ ကျင်းပနေချိန် အတောအတွင်း ပြုလုပ်မယ့် အခု ဆွေးနွေးပွဲဟာ အာစီယံဒေသနဲ့ ပတ်သက်လို့ သမ္မတ အိုဘားမားရဲ့ မူဝါဒရေးရာ သွေးသစ်လောင်းဖို့ ကြိုးပမ်းချက်တရပ် ဖြစ်ပါတယ်။ အမေရိကန် သမ္မတနဲ့ အာစီယံခေါင်းဆောင်တွေ ပြီးခဲ့တဲ့နှစ်က စင်္ကာပူမှာ ပထမအကြိမ် တွေ့ဆုံခဲ့ ပြီးတဲ့နောက် ဒါဟာ ဒုတိယအကြိမ် တွေ့ဆုံကြတာလည်း ဖြစ်ပါတယ်။

အခုတကြိမ် ဆွေးနွေးပွဲမှာလည်း မြန်မာနိုင်ငံရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ကိစ္စက အဓိက လွှမ်းမိုးနေမယ့် အလားအလာ ရှိတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးဌာနရဲ့ အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူ Ernie Bower က- အခု ဆွေးနွေးပွဲဟာ အာစီယံအပေါ် အမေရိကန်ရဲ့ ထောက်ခံမှုကို ပိုမိုခိုင်မာစေမယ့် ဆွေးနွေးပွဲဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့ပြင် အမေရိကန်အနေနဲ့ အာစီယံဒေသအတွင်း ထိထိရောက်ရောက် စွမ်းဆောင်နိုင်ဖို့ဆိုရင် တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား စတဲ့ နိုင်ငံကြီးတွေနဲ့ အပြိုင် ဟန်ချက်ညီတဲ့ ဆက်ဆံရေးရှိဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

အမေရိကန်သမ္မတ အိုဘားမားဟာ ပြီးခဲ့တဲ့နှစ်က အာစီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့အတွက် စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကို တိုက်တွန်း ပြောကြားခဲ့ပါသေးတယ်။ မြန်မာ့ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးအတွက် စစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒ ချမှတ်ပြီး ဆောင်ရွက်ခဲ့ပေမယ့် တိုးတက်မှု တစုံတရာ မတွေ့ရတဲ့အပေါ် အမေရိကန်ဘက်က စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့အချိန်မှာပဲ အခု အမေရိကန် သမ္မတနဲ့  အာစီယံခေါင်းဆောင်တွေ ဒုတိယအကြိမ် တွေ့ဆုံဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2010-09-04 17:43

US considers to built his power in ASEAN and balance with China.That is right. Whoever powerful state will do as US. A man, who wants to be democracy in Burma,should think and consider on the people stayed in country. Most done by some percent persons of expatriates has been effected on inland people that to be difficulties for living.Means sanction, that is not effected on expatriates only on people. They declared loudly that pointed to Junta and his under controlled business guys in Burma. But end of result goes to inland people. Who is responsible for this result. Both junta and expatraites. 50,50. Don't complain on it, analyze by yourself.