စစ်တပ်ကပစ်ခတ်လို့ လူငယ် ၂ ဦးသေဆုံး

ပဲခူးမြို့မှာ နယ်မြေခံစစ်တပ် အရာရှိတွေနဲ့ အရပ်သားလူငယ်တွေ စကားများ အခြေအတင် ဖြစ်ပွားရာက နောက်ပိုင်းမှာ စစ်သားတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် လူငယ် ၂ ဦး သေဆုံးသွားတယ်လို့ သေဆုံးသူတွေရဲ့ မိဘတွေနဲ့ ဒေသခံတွေက အာအက်ဖ်အေကို ပြောပါတယ်။

2010.09.05

သေဆုံးသူ လူငယ် ၂ ဦးဟာ ပဲခူးမြို့ ဇိုင်းဂနိုင်းရပ်ကွက်က ဖြစ်ပြီး မနေ့ညက ပဲခူးနယ်မြေ တာဝန်ကျ ခြေလျင်တပ်ရင်း ၅၉ က အရာရှိတဦးနဲ့ လက်ဖက်ရည်ဆိုင်မှာ စကားများခဲ့ပြီးနောက် ညသန်းခေါင်ကျော်မှာ နေအိမ်ကို အရာရှိနဲ့ တပ်သား ၁ဝ ဦး ရောက်လာပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

သေဆုံးသူ လူငယ် ၂ ဦးကတော့ မောင်အောင်သူဟိန်း အသက် ၂၂ နှစ်နဲ့ မောင်စိုးပိုင်ဇော် အသက် ၁၈ နှစ်တို့ ဖြစ်ပါတယ်။ သေဆုံးသူလူငယ် ၂ ဦးရဲ့ အလောင်းတွေကို အာဏာပိုင်တွေက ထိန်းသိမ်းထားပြီး အာအက်ဖ်အေက သတင်း ရယူခဲ့တဲ့ အချိန်အထိ မိသားစုနဲ့ တွေ့ခွင့်မပေးသေးကြောင်း၊ အာဏာပိုင်တွေဘက်က အမှုကို ကြေအေးဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။

စစ်တပ်ကိုစမ်းရင် သေချင်းဆိုးနဲ့ သေသွားမယ်၊ စမ်းကြည့်ကြ ..

ဒီဖြစ်ရပ်ဟာ စစ်တပ်က အရပ်သားပြည်သူတွေအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်နေတာကို သက်သေပြတဲ့ ဖြစ်ရပ်တခုပါလို့ ပဲခူးမြို့က လူ့အခွင့်ရေးနဲ့ လူမှုရေးလုပ်ငန်းတွေမှာ ကူညီနေတဲ့ ရှေ့နေဦးအေးမြင့်က ပြောပါတယ်။

“စိတ်မကောင်းဖြစ်နေတဲ့ အချက်က ပြည်သူလူထုကို ကာကွယ်ပါမယ်ဆိုတဲ့ တပ်မတော်သည် ပဲခူးတိုင်းမြို့တော်ရဲ့ မြို့မျက်နှာဖုံး၊ အာဏာပိုင် အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာ အသီးသီးတွေ ရှေ့မှာတောင်မှ ဗြောင် သေနတ်နဲ့ လာပစ်သတ်ရဲတယ်။ ဒီကြားထဲ စိမ်ခေါ်သွားသေးတယ်၊ စစ်တပ်ကိုစမ်းရင် သေချင်းဆိုးနဲ့ သေသွားမယ်၊ စမ်းကြည့်ကြ ဆိုတဲ့ အော်ပြောသွားတာတွေလည်း ရှိတယ်ဆိုပြီး ဘေးက ပြောတယ်လေ။ ဒီလိုဆိုရင် တိုင်းရင်းသားလူမျိုးတွေ၊ တောထဲတောင်ထဲမှာ တောင်ယာတွေလုပ်ပြီး အသတ်ခံခဲ့ရတာတို့၊ မုဒိန်းကျင့် ခံခဲ့ရတာတို့၊ အိမ်ကို မီးရှို့တယ်တို့ လုပ်ချင်သလို လုပ်ခဲ့တယ်ဆိုတဲ့ စကားတွေဟာ အမှန်တွေပါ ဆိုပြီး ထောက်ခံသလို ဖြစ်သွားပြီ”

ဒီအကြောင်း အသေးစိတ်ကို အာအက်ဖ်အေ ဝိုင်းတော်သူ မခင်ခင်အိက စုံစမ်းမေးမြန်းတင်ပြထားပါတယ်။

စုံစမ်းတင်ပြချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2010-09-05 18:02

pdwfraumif;p&mowif;wckyg? usaemf & Jh vuf&Sd wyfrawmf tay:tjrifuawmh jrefrmjynfuppfwyfqdkwm }uD;Edkifi,fnSif; wJhtzJG htpnf;wckyg? tckvdk&rf;um;r_awGudk ta&;,lwJh owif;wcgrSowif;xJrSmrzwf&wm pdwfraumif;p&myg? aemufwcku xdkif;EkdifiHrSm w&m;r0ifvmtvkyfvkyfwJh jrefrmEdkifiHom;awG c%c%t owfcH&w,f b,fxdkif;&JurSta&;r,lbl; qdk+yD;c%c%owif;xJrSmzwf&w,f tvkyform;awGu ajym=u w,folrsm;EdkifiHrSmrdk htEdkifusifhcH&w,f/ tckaum udk,fh EdkifiHrSmaum bmxl;vJ?