သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-07-20
NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နဲ့ ပါတီသတင်းပြန်ကြားရေး ဥက္ကဋ္ဌ ဦးဉာဏ်ဝင်းကတော့ စစ်ကောင်စီရဲ့ ဖမ်းဆီးခံရပြီးနောက် ထောင်တွင်းမှာ ကိုဗစ်ရောဂါကူးစက်ခံရတဲ့သူတွေထဲ ပထမဆုံး သေဆုံးသွားသူဖြစ်ပါတယ်။
2021-07-20
မြန်မာနိုင်ငံနဲ့ကပ်လျက် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲမှာ COVID-19 အတည်ပြု လူနာသစ်တွေ မနေ့က စစ်ဆေးတွေ့ရှိခဲ့ပြီး အဲဒီလူနာတွေအားလုံးဟာ မြန်မာ နိုင်ငံကနေ မကြာသေးခင်ကပဲ ပြန်လာခဲ့ကြတဲ့ တရုတ်နိုင်ငံသားတွေ ဖြစ်တယ်လို့ Reuters သတင်းမှာ ဒီနေ့ဖော်ပြထားပါတယ်။
2021-07-20
မြန်မာနဲ့ ထိုင်းနိုင်ငံတွေမှာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုအတွေ မြင့်တက်လာ နေလို့ ထိုင်းမြန်မာနယ်စပ် ကန်ချနဘူရီ ကုန်တင်ကားဖြတ်သန်းတဲ့ဂိတ်ကို ဇူလိုင်လ ၂၂ ရက်ကနေ သြဂုတ်လ ၄ ရက်နေ့ထိ ပိတ်ထားဖို့ အမိန့်ထုတ်ပြန်ထားတဲ့ အကြောင်း ဒီနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းမှာ ဖေါ်ပြထားပါတယ်။
2021-07-20
ကချင်ပြည်နယ် မိုးမောက်မြို့နယ် နွယ်လန်းကျေးရွာက အသက် ၅၅ နှစ်အရွယ် ဒေါ်ခေါ်ယွယ်ကို စစ်သား သုံးဦးက ဇူလိုင်လ ၁၄ရက်နေ့မှာ အဓမ္မကျင့် သတ်ဖြတ် ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူတွေကို ဥပဒေအရ အရေးယူနိုင်ဖို့ မိသားစုဝင်တွေနဲ့ ကချင်လူ့အခွင့် အရေးအဖွဲ့တွေက လိုလားနေကြပါတယ်။
2021-07-20
နေပြည်တော်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ ဇူလိုင်လ ၁၉ ရက် မနေ့ကအထိ နေပြည်တော်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၅၅၇၂ ဦးရှိနေပြီး သေဆုံးသူ ၇၉ ဦးထိရှိလာပါတယ်။
2021-07-20
စစ်ကိုင်းတိုင်း မင်းကင်းမြို့မှာ ဇူလိုင် ၁၉ ရက် မနေ့က ဒေသခံ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ PDF တွေ ထောင်ထားတဲ့ မိုင်းတွေနင်းမိတာ၊ တူမီးသေနတ်နဲ့ ပစ်ခံရတာ တွေကြောင့် စစ်ကောင်စီဘက်က ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် တစ်ယောက်က RFA ကို ပြောပါ တယ်။
2021-07-20
မန္တလေးမြို့မှာ ကိုဗစ်လူနာတွေကို အွန်လိုင်းနဲ့ မြေပြင်မှာပါ ဆေးကုသပေးနေတဲ့ ဆရာဝန် နှစ်ယောက်ဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးတာခံခဲ့ရတယ်လို့ မန္တလေးမြို့ခံ ဆရာဝန်တစ်ယောက်က RFA ကို ပြောပြပါတယ်။
2021-07-19
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ထိပ်ပိုင်းခေါင်းဆောင်ဖြစ်တဲ့ ဦးဉာဏ်ဝင်းဟာ စစ်ကောင်စီက ဖမ်းဆီးထားစဉ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရရာက ဒီမနက် ၉ နာရီ ၁၅ မိနစ်မှာတော့ သူဆေးကုသမှု ခံယူနေတဲ့ ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်သွားတယ်လို့ သူ့ရဲ့ရှေ့နေ ဒေါ်စန်းမာလာညွန့်က RFA ကို အတည်ပြု ပြောဆိုပါတယ်။
2021-07-19
ရခိုင်ပြည်နယ်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့် မနေ့က ဇူလိုင်လ ၁၉ ရက်နေ့ကနေ ဒီနေ့ ဇူလိုင်လ ၂၀ ရက် မနက်ပိုင်းအထိ သေဆုံးသူ ၁၅ ဦးအထိရှိနေတယ်လို့ ရခိုင်ပြည်နယ်က ကိုဗစ်ကြောင့် သေဆုံး၊ ကူးစက်မှု နောက်ဆုံးအခြေအနေတွေကို ထုတ်ပြန်ပေးနေတဲ့ Rakhine Covid-19 Watch အဖွဲ့က RFA ကို ပြောပါတယ်။
2021-07-19
ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာရှိတဲ့ အိမ်ထောင်စု ၁၀၀၀၊ လူဦးရေ ၅၀၀၀ ခန့်ကို ဒီနေ့ ဇူလိုင်လ ၂၀ ရက်နေ့ ကစလို့ ကိုဗစ်ကာကွယ်ရေးအတွက် တကိုယ်ရေသုံး အကာအကွယ်ပစ္စည်း ကိရိယာတွေအပါအဝင် တာပေါ်လင်စ၊ ခြင်ထောင်၊ စောင်၊ မီးဖိုးချောင်သုံးပစ္စည်းနဲ့ နေရောင်ခြည်စွမ်းအင်သုံး ပစ္စည်းတွေကို ကူညီထောက်ပံ့သွားမယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)က မနေ့က ထုတ်ပြန်ပါတယ်။
2021-07-19
လက်ရှိ COVID-19 ဖြစ်ပွားမှုဟာ ပြည်သူတွေရဲ့ကျန်းမာရေးနဲ့ တိုင်းပြည်စီးပွားရေး အကြီးအကျယ် ထိခိုက်နေတဲ့အတွက် အားလုံးပါဝင်တဲ့ ချဉ်းကပ်ဖြေရှင်းနည်း အသစ်နဲ့ တုံ့ပြန်ဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက ကြေညာချက် ထုတ်ပြန်လိုက် ပါတယ်။
2021-07-19
စစ်ကိုင်းတိုင်း ရွှေဘိုမြို့အနောက်ဘက် ၇ မိုင်မှာရှိတဲ့ ဆိပ်ခွန်နဲ့ ပလိုင်းဘက်က ရွာတွေကို စစ်ကောင်စီက အင်အားသုံးဝင်စီးနေတာကြောင့် ဒေသခံရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-07-19
မြန်မာနိုင်ငံမှာ လက်ရှိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့နှုန်းနဲ့ ရောဂါအနေအထားအရ အသေအချာ တားဆီးထိန်းချုပ်မှု မလုပ်နိုင်ရင် ပြည်သူ လေးသိန်းခန့်အထိ အသက်ဆုံးရှုံးနိုင်ဖွယ် ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။
2021-07-19
မြန်မာစာနယ်ဇင်းလောကမှာ ထင်ရှားကျော်ကြားတဲ့ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း အယ်ဒီတာချုပ်နဲ့ ထုတ်ဝေသူ၊ စာရေးဆရာ သတင်းစာဆရာ အဝကျွန်း ဦးချစ်မောင် ဟာ ဇူလိုင်လ ၁၉ ရက် ဒီနေ့ နေ့လယ် တစ်နာရီမှာ ရန်ကုန်မြို့က သူ့ရဲ့ စောင့်ကြည့် သတင်းဂျာနယ်တိုက် ရုံးခန်းထဲမှာပဲ ကွယ်လွန်သွားပါတယ်။
2021-07-19
မြန်မာနိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားသူတွေအရေး အလွန်အမင်း စိုးရိမ်ပူပန်နေ ရတဲ့အကြောင်း ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကျွမ်းကျင်သူတွေက ပြောဆိုလိုက် တဲ့အကြောင်း ဒီကနေ့ပဲ ဂျီနီဗာမြို့ ကုလသမဂ္ဂရုံးက သတင်းထုတ်ပြန်ပါတယ်။