သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-03-21
မန္တလေးတိုင်း ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနရုံး မတ်လ ၂၀ ရက်နေ့က လက်လုပ်ဗုံးနဲ့ အပစ်ခံရတာကြောင့် ဝန်ထမ်းလေးဦး ဒဏ်ရာရခဲ့ပါတယ်။
2023-03-20
စစ်အာဏာသိမ်းချိန်ကစလို့ စစ်ကောင်စီဟာ မြို့နယ် ၃၃ဝ မှာ အင်တာနက်ဖြတ်တောက်ထားပြီး ဒီအထဲက မြို့နယ် ၅၀ ကျော်မှာ တစ်နှစ်ကျော်ကြာ အင်တာနက်ဖြတ်တောက်ထားတယ်လို့ တွမ် အင်ဒရူး ကဆိုပါတယ်။
2023-03-20
မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေကို ကုလအထူးကိုယ်စားလှယ်က တင်ပြတဲ့ အစီရင်ခံစာမှာ အိန္ဒိယကို အကြောင်းမဲ့ ရည်ညွှန်းတာကို စိုးရိမ်မကင်း ဖြစ်ရတာကို ပြသတာလို့ ANI သတင်းက ဖော်ပြပါတယ်။
2023-03-20
ကမ္ဘာတစ်ဝန်း အကြမ်းဖက်မှုတွေကြောင့် ကလေးငယ်တွေနဲ့ မိသားစုတွေဟာ ဘဝလုံခြုံရေးအတွက် အမေရိကန်ပြည်ထောင်စုကို အန္တရာယ်တွေကြားကနေ ဝင်ရောက်ဖို့ ကြိုးစားနေတယ်လို့ Save the Children အဖွဲ့က ဖော်ပြပါတယ်။
2023-03-20
ကမ္ဘာ့နိုင်ငံတွေအနေနဲ့ စစ်ကောင်စီကို အထိနာအောင် ဘယ်လိုထိုးနှက်နိုင်မလဲ ဆိုတဲ့အပေါ် ဆန်းစစ်သင့်တယ်လို့ တွမ် အင်ဒရူးက ပြောပါတယ်။
2023-03-20
ဒီတောင်းဆိုချက်ကို စာပို့ပြီး ရက်ပေါင်း ၃၀ အတွင်း ပြန်ကြားရမှာဖြစ်ပြီး ပြန်ကြားမှုမရှိရင် ဥပဒေနဲ့အညီဆောင်ရွက်မှာ ဖြစ်တယ်လို့ဆိုပါတယ်။
2023-03-20
ဖားကန့် မှော်စီဆာရပ်ကွက်က ကွန်ပျူတာသင်ကြားရေးစင်တာကို မတ်လ ၁၇ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ဖျက်ဆီးခဲ့ပြီး ရုံးစောင့်အမျိုးသားကိုပါ ဖမ်းဆီးသွားခဲ့ပါတယ်။
2023-03-20
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် ညောင်ကုန်းရွာအနီးမှာ မတ်လ ၂၀ ရက် မနက်ပိုင်းက ခရီးသည်တင်ကားတစ်စီး မိုင်းထိခဲ့လို့ ကားပေါ်ပါသူ သုံးဦးသေဆုံးပြီး တချို့ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-03-20
စစ်အာဏာသိမ်းထားတဲ့အချိန် နှစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းက စစ်သည်အရာရှိ ၃၂၀၀ ကျော်နဲ့ ရဲတပ်ဖွဲ့ဝင် ကိုးထောင်ကျော် (CDM) လှုပ်ရှားမှုမှာ ပါဝင်နေပါတယ်။
2023-03-20
နယ်မြေသစ်ရှာဖို့ကြိုးစားရင်း ဖမ်းဆီးထောင်ချခံရတဲ့ ရိုဟင်ဂျာ ငါးရာနီးပါးရှိပြီး အဲဒီထဲမှာ သဲချောင်းဒုက္ခသည်စခန်းက အမျိုးသမီးငယ် မဆာရာခါတူလည်း ပါဝင်ပါတယ်။
2023-03-20
ချောက်မြို့ အစ္စလာမ်ဘာသာရေး စာသင်ကျောင်းရဲ့ ကျောင်းဆင်းဆုပေးပွဲကိုလာသူ အစ္စလာမ်ဘာသာဝင် ၁၅ ဦးကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
2023-03-20
မကွေးတိုင်းက ပေါက်၊ မြိုင်၊ ဆော၊ ထီးလင်းနဲ့ ဂန့်ဂေါမြို့နယ်တွေကို စစ်ကောင်စီက စစ်ဆင်ရေး အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။
2023-03-20
သာကေတမြို့နယ်မှာ ကြံရည်ရောင်းနေတဲ့ ပြည်သူနှစ်ဦးကို ပျူစောထီးအဖွဲ့ဝင်တွေ ပစ်သတ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
2023-03-20
ကော့ကရိတ်မှာ အချိန်လွန်သွားလာတဲ့သူတွေကို စစ်ကောင်စီက ဖမ်းပြီးထောင်ချနေတဲ့အတွက် တစ်လကျော်အတွင်း ပြည်သူ ၁၃ ဦး ထောင်ခြောက်လစီ ကျခံနေရပါတယ်။
2023-03-20
မြန်မာ့အရေးကို အာဆီယံအသင်းက မကူညီ၊ မဖြေရှင်းနိုင်ရင် ဒေသတွင်းမှာ ပြင်ပအင်အားကြီး နိုင်ငံတွေရဲ့စွက်ဖက်မှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဇမ်ဘရီက ပြောပါတယ်။