သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-02-17
အမျိုးသားညီညွတ်ရေးအစိုးရ NUG က ICJ အနေနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်နဲ့အညီ မြန်မာနိုင်ငံကို ကိုယ်စားပြုဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို သတ်မှတ်ထားပြီး စစ်ကောင်စီကို အသိအမှတ်ပြုမထားကြောင်း တရားရုံးကို တင်ပြထားပါတယ်။
2022-02-17
ရိုဟင်ဂျာတွေ နှိပ်စက်သတ်ဖြတ်ခံရမှုအတွက် အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ရင်ဆိုင်နေရတဲ့အမှု ဒုတိယအကြိမ်ကြားနာပွဲ မတိုင်ခင် ဗြိတိန်နိုင်ငံအခြေစိုက် BROUK ရိုဟင်ဂျာအဖွဲ့၊ HRW လူအခွင့်အရေး စောင့်ကြည့်အဖွဲ့၊ Global Justice Center ကမ္ဘာလုံးဆိုင်ရာ တရားမျှတမှု ဗဟိုအဖွဲ့နဲ့ အမျိုးသမီးများ ငြိမ်းချမ်းရေး ကွန်ရက်တို့က အကြိုရှင်းလင်းပွဲတစ်ခုကို အွန်လိုင်းကနေတဆင့် မနေ့က ပြုလုပ်ခဲ့ပါတယ်။
2022-02-17
ကြာမြင့်ချိန် မိနစ် ၇၀ ရှိတဲ့ အဲဒီမှတ်တမ်းရုပ်ရှင်ကို လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြန်မာလူငယ် ရုပ်ရှင်ဒါရိုက်တာ ၁၀ ဦးက စုပေါင်း ဖန်တီးထားတာ ဖြစ်ပြီး ဆုကြေးငွေအဖြစ် ယူရိုငွေ လေးသောင်း ရရှိမှာ ဖြစ်ပါတယ်။
2022-02-17
သူတို့နှစ်ယောက်အပါအဝင် လူရှစ်ယောက်ပါ ဥပဒေအဖွဲ့ကို စစ်ကောင်စီဘက်က တင်ပြထားတာဖြစ်ကြောင်း တရားရုံးသတင်းရင်းမြစ်ကို ကိုးကား ဖော်ပြထားတာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ အမေရိကန်ပြည်ထောင်စုရဲ့ ဆန်ရှင် ပိတ်ဆို့အရေးယူမှု စာရင်းမှာ ထည့်သွင်းခံထားရသူတွေ ဖြစ်ပါတယ်။
2022-02-17
အာဆီယံနိုင်ငံတွေဟာ အာဏာသိမ်း စစ်ကောင်စီကို စီးပွားရေး ပိတ်ဆို့အရေးယူဖို့ ပျက်ကွက်နေတဲ့အပြင် စစ်ကောင်စီနဲ့ရော စစ်ကောင်စီ လက်ဝယ်ခံတွေနဲ့ပါ စီးပွားရေးလုပ်နေတယ်လို့ ဆိုပါတယ်။
2022-02-17
"နေပြည်တော်(စစ်ကောင်စီ)က NUG နဲ့ တိုက်ရိုက် စကားမပြောဘူးဆိုရင် အာဆီယံသံကို ပေါင်းကူးတံတားအဖြစ် ကြားဝင်ခွင့် ပေးဖို့လိုတယ်၊ ဒါပေမဲ့ ဒီလိုဆောင်ရွက်တဲ့အခါမှာ နေပြည်တော်(စစ်ကောင်စီ)နဲ့ကြားမှာ သဘောထားကွဲလွဲတာမျိုး မဖြစ်ဖို့လည်းလိုတယ်"
2022-02-17
ကလေးမြို့က CDM ကျောင်းဆရာမ ဒေါ်အေးမင်းသန်း ဟာ ဖေဖော်ဝါရီလ ၁၇ ရက်က နေအိမ်မှာ ဖမ်းဆီးခံ လိုက်ရပါတယ်။
2022-02-17
မိုးဗြဲမှာ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေး မဟာမိတ် တပ်ပေါင်းစုတွေအကြား တိုက်ပွဲပြင်းထန်နေတာ ကြောင့် ဒေသခံ တစ်သောင်းနီးပါး ပိတ်မိနေပါတယ်။
2022-02-17
ယင်းမာပင်မြို့နယ်၊ လက်ပံတောင်းတောင်အနီး ကျေးစာကျရွာက နေအိမ်အချို့ကို ဒီနေ့မှာ စစ်တပ်က ဝင်ရောက်မီးရှို့သွားပါတယ်။
2022-02-17
တကျော့ပြန် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားလာ မှုကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်း ထိခိုက်လာမှာကို ကုန်သည်တွေ စိုးရိမ်နေပါတယ်။
2022-02-17
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဇွန်လ ၁ ရက် ကနေ အခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့အထိ ၈ လကျော်ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၃၅၄ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၂၈၉၆ ဦး ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒီနေ့ ထုတ်ပြန်ပါတယ်။
2022-02-17
ထားဝယ်တက္ကသိုလ် ကျောင်းသူနှစ်ဦးကို ဖေဖော်ဝါရီ ၁၆ ရက်က တရားရုံးကနေ အလုပ်ကြမ်းနဲ့ ထောင် ခုနစ်နှစ်စီ အမိန့်ချလိုက်ပါတယ်။
2022-02-17
ရွှေပြည်သာစက်မှုဇုန် ပုလဲရိပ်မွန် တန်ဖိုးနည်းအိမ်ရာ ကို စစ်ကောင်စီတပ်သား ၃၀ လောက် ဝင်ရောက် စီးနင်းပြီး အရပ်သား သုံးဦးကို ဖမ်းသွားပါတယ်။
2022-02-17
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းလို ဒေသတွေမှာ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို ဖိနှိပ်သတ်ဖြတ်တဲ့ ပျူစောထီးအဖွဲ့တွေ အသီးသီးပေါ်လာပါတယ်။
2022-02-17
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် အာဏာရှင်ဖီဆန်ရေး လူထုလှုပ်ရှားမှုမှာ မပါဝင်ခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင်က ဝန်ထမ်း ၂၄၀ ကျော်ကို အမည်ပျက်စာရင်းတင်သွင်းပြီး အလုပ်ကနေ ထုတ်ပယ်လိုက်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ဒီနေ့ရက်စွဲနဲ့ သတင်း ထုတ်ပြန်ပါတယ်။