သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-12-30
လောင်းလုံးမြို့နယ် စစ်ပြဲရွာကို စစ်ကောင်စီ တပ်သားတွေ စီးနင်းပြီး ရွာခံ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ လောင်းလုံးဒေသခံတွေက ပြောပါတယ်။
2023-12-30
စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ရဲ့ တိုက်ပွဲနှစ်လအတွင်း ကလေး ၂၈ ဦး အပါအဝင် အရပ်သားပြည်သူ ၁၂၃ ဦးထိ သေဆုံးခဲ့ရပြီး အများစုဟာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ လေကြောင်း အသုံးပြုဗုံးကြဲခြင်းကြောင့် ဖြစ်ပါတယ်။
2023-12-30
ကာကွယ်ရေး ပူးပေါင်းတပ်တွေ ပိတ်ဆို့ဝန်းရံထားတဲ့ ချောင်းနှစ်ခွ ရဲစခန်းနဲ့ ချောင်းနှစ်ခွ တံတားဂိတ်ကို စစ်ကောင်စီတပ်က အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲ ပြန်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
2023-12-30
မာန်အောင်မြို့နယ်ကနေ တောင်ကုတ်မြို့ကို ဆေးလာကုတဲ့ ဒေသခံ လူနာနဲ့ လူနာစောင့် တစ်ရာကျော် နေရပ်ပြန်ခွင့်မရသေးဘူးလို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။
2023-12-30
ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ပြီလို့ စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ကြေညာပါတယ်။
2023-12-30
မဲခေါင်သတင်းအေဂျင်စီကို လုပ်ငန်းလိုင်စင် ပိတ်သိမ်းလိုက်ပြီလို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာပါတယ်။
2023-12-29
နမ္မတူမြို့တိုက်ပွဲမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ငါးရက်အတွင်း နမ္မတူဒေသခံ သုံးဦး သေဆုံးခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။
2023-12-29
ပလက်ဝမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအခြေစိုက်ရာ ပွိုင့် (၃၇၇) စစ်ဆင်ရေး အခြေကုပ်စခန်းကုန်းကို AA တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။
2023-12-29
၂၀၂၃ ခုနှစ်အတွင်း တိုင်းရင်းသားဒေသတွေနဲ့ တိုင်းဒေသကြီးတချို့မှာ ကြားကာလ အစိုးရအဖွဲ့တွေ ဖွဲ့စည်းပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေပါ ဆောင်ရွက်နိုင်လာတာကြောင့် တော်လှန်ရေးအင်အားစုတွေအတွက် ၂၀၂၂ ခုနှစ်ကထက် ပိုမိုအောင်မြင်တဲ့နှစ်လို့ သုံးသပ်ကြပါတယ်။
2023-12-29
မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်ပြီး အလုပ်လုပ်ကိုင်နေသူတွေကို မလေးရှားအာဏာပိုင်တွေက စီမံချက်ချ ရှာဖွေဖမ်းဆီးနေပြီး အထောက်အထားမဲ့နေထိုင်နေတဲ့ မြန်မာနိုင်ငံသားအများစုလည်း ဖမ်းဆီးခံနေရပါတယ်။
2023-12-29
စစ်အာဏာသိမ်းပြီးနောက် သုံးနှစ်အကြာ လာမယ့် ၂၀၂၄ ခုနှစ်မှာ မြန်မာနိုင်ငံအတွက် ထူးခြားတဲ့ အခြေအနေတွေ မြင်တွေ့ရမယ်လို့ ခန့်မှန်းနေကြတဲ့အကြောင်း ဆွေးနွေးတင်ပြထားပါတယ်။
2023-12-29
RFA က ပြုစုထားတဲ့စာရင်းအရ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၂၀၂၃ ခုနှစ်အတွင်း အရပ်သား ၈၅၃ ဦး သေဆုံးပြီး ၁၅၁၄ ဦး ဒဏ်ရာရခဲ့ပါတယ်။
2023-12-29
ဖယ်ခုံမြို့နယ်က စစ်ကောင်စီတပ်ရဲ့ စခန်းကုန်းနှစ်ခုကို တိုက်ခိုက်သိမ်းယူပြီး ဖယ်ခုံမြို့ အဝင်၊ အထွက် နေရာတွေကိုလည်း ထိန်းချုပ်ထားနိုင်ပြီလို့ မိုးဗြဲ-ဖယ်ခုံ စစ်ဆင်ရေး မဟာမိတ် အင်အားစုများအဖွဲ့က ထုတ်ပြန်ပါတယ်။
2023-12-29
စစ်တွေမှာ စစ်ကောင်စီရဲ့ ပိတ်ဆို့မှုတွေကြောင့် စက်သုံးဆီ ရှားပါးနေသလို အပြင်မှာရောင်းချတဲ့ နိုင်တီတူး အမျိုးအစား ဓာတ်ဆီတစ်လီတာကို ကျပ်သုံးသောင်းနီးပါးအထိ ရှိနေတာပါ။
2023-12-29
ထားဝယ်မြို့မှာ ဒီရက်ပိုင်း လုံခြုံရေးတင်းကျပ်ထားသလို နှစ်ပတ်အတွင်း လူ လေးဆယ်နီးပါး ဖမ်းဆီးခံထားရတယ်လို့ ထားဝယ်မြို့ခံတွေက ပြောပါတယ်။