သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-12-29
မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ပြောင်းလဲရေးမှာ အင်ဒိုနီးရှားနိုင်ငံက ကူညီပံ့ပိုးပေးသွားမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံကို ရောက်နေတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂဝါက ပြောလိုက်ပါတယ်။
2011-12-29
ဒီကနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့မနက် ၂ နာရီခန့်က ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ် ရပ်ကွက်ရှိ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနပိုင် ပစ္စည်းများထားရှိတဲ့ မေတ္တာမွန် သိုလှောင်ရုံမှာ ဓာတုဗေဒပစ္စည်းတွေ ပေါက်ကွဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၁၇ ဦး သေဆုံးပြီး ၁၂၀ ကျော် ဒဏ်ရာရသွားပါတယ်။
2011-12-28
အမျိုးသားစာပေ ဆုပေးပွဲနဲ့ စာပေဗိမာန် စာပေဆုပေးပွဲ အခမ်းအနားကို မနက်ဖြန် နေပြည်တော်မှာ ကျင်းပမှာ ဖြစ်တဲ့အတွက် ဆုရွေးချယ်ရေး ကော်မီတီအဖွဲ့ဝင်တွေနဲ့ ဆုရရှိသူ စာရေးဆရာတွေ ရောက်ရှိနေပါတယ်။
2011-12-28
ဦးသိန်းစိန်အစိုးရဟာ ပြည်သူတွေရဲ့တောင်းဆိုမှုကြောင့် ကချင်ပြည်နယ်က ဧရာဝတီမြစ်ဆုံရေကာတာ စီမံကိန်းကို ၅ နှစ်တာ ရပ်ဆိုင်းထားလိုက်ပေမယ့် စီမံကိန်းကြောင့် နေရာပြောင်းရွှေ့ခံထားရတဲ့ မြစ်ဆုံဒေသခံ ရွာသားတွေ အနေနဲ့ အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်တွေ ထိခိုက်ပျက်ပြားပြီး ၊ ဘာလုပ်ငန်းကိုင်ငန်းကိုမှလဲ မလုပ်ကြရတဲ့အတွက် စားဝတ်နေရေးဒုက္ခတွေ ကြုံနေရပါတယ်။
2011-12-28
ပါကစ္စတန်ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နမူနာယူရမယ်လို့ သမ္မတ ဇာဒါရီက အင်္ဂါနေ့က ပြောလိုက်ပါတယ်။
2011-12-28
ဒေါ်အောင်ဆန်းစုကြည်ထုတ်လုပ်မယ့် ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားအတွက် အမျိုးသားရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကို အပြီးအပိုင် လှူဒါန်းဖို့ စီစဉ်နေတယ်လို့ အကယ်ဒမီ ရုပ်ရှင်မင်းသား ဦးကျော်သူက အာရ်အက်ဖ်အေကို ဒီကနေ့ ပြောပါတယ်။
2011-12-28
မြန်မာနိုင်ငံမှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲတွေကို မှန်မှန်ကန်ကန် ဆောင်ရွက်ပေးဖို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Mr. Marty Natalegawa က မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
2011-12-27
‘မြစ်ကွေ့ဧရာ’ ပရဟိတ အဖွဲ့ (မကွေး) က ဦးစီးစီစဉ်တဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ စာပေဟောပြောပွဲကို ဥပဒေနဲ့အညီ ကြိုတင်ခွင့်ပြုချက် တောင်းခံခဲ့ရာမှာ အောက်ခြေအဆင့်ဆင့်က ခွင့်ပြုချက် ရပေမယ့် တိုင်း ဝန်ကြီးချုပ်က ခွင့်ပြုချက် မပေးတဲ့အတွက် မူလ စီစဉ်ထားတဲ့အတိုင်း ဒီကနေ့ မကျင်းပဖြစ်ဘူးလို့ သိရပါတယ်။
2011-12-27
မြန်မာနယ်ခြားစောင့် တပ်မှူးက မိမိတို့ စစ်သားတစ်ဦး ပစ်ခတ်လိုက်လို့ အိန္ဒိယ လူငယ်တစ်ဦး ၂၅ ရက်နေ့က သေနတ် ထိမှန်သွားတဲ့ ကိစ္စကို ဒီကနေ့ နှစ်နိုင်ငံ ဆွေးနွေးပွဲမှာ တရားဝင် တောင်းပန်လိုက်ပါတယ်။
2011-12-27
ရခိုင်ပြည်နယ် ကမ်းလွန်ဒေသ ရွှေဂက်စ် သဘာဝဓာတ်ငွေ့ စီမံကိန်းက ထွက်တဲ့ သဘာဝဓာတ်ငွေ့တွေကို ရခိုင်ပြည်သူတွေလည်း အကျိုးခံစားခွင့် ရှိသင့်တဲ့အတွက် လူထု အစည်းအဝေးပွဲ တစ်ခုကို လာမယ့် ဇန်နဝါရီလ ၁ ရက်မှာ ကျောက်ဖြူမြို့မှာ ကျင်းပမယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က ပြောပါတယ်။
2011-12-27
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးစီးတဲ့ ‘လွတ်လပ်ခြင်းအနုပညာ’ ရုပ်ရှင် ပွဲတော်အတွက် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဇာတ်ကားတိုပေါင်း ၁၈၈ ကားထဲက ၅၃ ကားကို ဆန်ခါတင် ရွေးချယ်ပြီးပြီလို့ ဆုရွေးချယ်ရေးအဖွဲ့က ဒီကနေ့ ပြောဆိုပါတယ်။
2011-12-27
အမျိုးသား ခေါင်ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီး ဒေါ်ခင်ကြည်ကွယ်လွန်တာ ၂၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အလှူအတန်းပြုတဲ့ အခမ်းအနားတွေကို ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ပြုလုပ်ရာ ဘာသာရေးအဖွဲ့ ၆ ဖွဲ့ လာရောက်ဆုတောင်းခဲ့တယ်လို့ သိရပါတယ်။
2011-12-27
မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ဟာ မြန်မာ့အရေး လှုပ်ရှားသူတွေက အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်ကို တိုင်ကြား ထားတဲ့ အင်းစိန် အကျဉ်းထောင်အတွင်း အစာငတ် ခံ ဆန္ဒပြမှုကို ဒီကနေ့ သွားရောက် စစ်ခဲ့ပေမယ့် နိုင်ငံရေး အကျဉ်းသားတွေနဲ့ မတွေ့ခဲ့ဘူးလို့ အကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။
2011-12-27
ရဲဘော်သုံးကျိပ်ထဲက ကွယ်လွန်ပြီး ၂၈ ဦးကို ရည်စူးပြီး ရဲဘော်သုံးကျိပ်ဝင် ၉ ဦး ဖွဲ့စည်းခဲ့တဲ့ ရဲဘော်သုံးကျိပ် မိသားစုများ သာရေးနာရေးအဖွဲ့က ရန်ကုန်မြို့ ဇီဝိတဒါန သံဃာ့ဆေးရုံမှာ မနေ့က အလှူအတန်း ပြုခဲ့ပါတယ်။
2011-12-26
တိုင်းရင်းသားဒေသတွေအတွက် ပညာရေး ရန်ပုံငွေ စင်တင်တေးဂီတ ပွဲတော်ကို လာမယ့် ဒီဇင်ဘာလ ၃၀ မှာ ကျင်းပမှာဖြစ်ပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖွင့်လှစ် အမှာစကား ပြောကြားပါမယ်။