မြန်မာ့ ဒီမိုကရေစီရေး အင်ဒိုနီးရှားက ကူညီမည်

မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ပြောင်းလဲရေးမှာ အင်ဒိုနီးရှားနိုင်ငံက ကူညီပံ့ပိုးပေးသွားမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံကို ရောက်နေတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂဝါက ပြောလိုက်ပါတယ်။

2011.12.29

အင်ဒိုနီးရှားနဲ့ မြန်မာဟာ နိုင်ငံရး၊ စီးပွားရေးနဲ့ အာဆီယံအဖွဲ့တွင်း ပူးပေါင်းဆောင်ရွက်ရေးစတဲ့ ဦးစားပေး နယ်ပယ်တွေမှာ အတူတကွ လုပ်ကိုင်သွားကြဖို့ သဘောတူညီခဲ့ကြကြောင်း၊ နိုင်ငံရေးနယ်ပယ်မှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ အစိုးရပြုပြင်ပြောင်းလဲရေးတွေမှာ မြန်မာအစိုးရနဲ့ အနီးကပ် ဆက်လက် ဆောင်ရွက်သွားဖို့ အဆင့်သင့်ရှိနေကြောင်း၊ အထူးသဖြင့် အရည်အသွေးဖြည့်တင်းထူထောင်ရေးဆိုင်ရာ အစီအစဉ်အမျိုးမျိုးနဲ့ အားပေးကူညီသွားမှာ ဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုးစု ပဋိပက္ခဆိုင်ရာ ပြဿနာတွေ ဖြေရှင်းရေးအတွက်လည်း အင်ဒိုနီးရှားရင်ဆိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေ၊ သင်ခန်းစာတွေကို လက်ဆင့်ကမ်း မျှဝေသွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

နှစ်နိုင်ငံကြား အပြန်အလှန် ကုန်သွယ်ရေးတိုးမြှင့်ဖို့နဲ့ စားနပ်ရိက္ခာဖူလုံရေးအတွက်လည်း ပူးပေါင်းဆောင်ရွက် ကြမှာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖိုးအထိ ရောက်ဖို့ ရည်မှန်းထားကြောင်းလည်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂဝါက ပြောလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။