ဗိုလ်ချုပ်အထ္တုပ္ပတ္တိ ရိုက်ဖို့ ကျော်သူက ရုပ်ရှင်ကုမ္ပဏီ လှူမယ်
2011.12.28

RFA
ဒီကိစ္စအတွက် ဖခင် ဦးစိန်တင်ထံက သဘောတူခွင့်ပြုချက် ရထားပြီးပြီလို့လည်း သူကဆိုပါတယ်။
အမျိုးသားရုပ်ရှင်ကုမ္ပဏီကို လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်က စတင်တည်ထောင်ခဲ့တာပါ။ ၂၀၀၆ခုနှစ်က မိမိ ဒါရိုက်တာအဖြစ် ရိုက်ကူးတဲ့ အမေ့နို့ဖိုး ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်ပြီးနောက်ပိုင်း ကုမ္ပဏီလုပ်ငန်းတွေကို ရပ်နားထားခဲ့တယ်လို့ ဦးကျော်သူက ပြောပါတယ်။ ဒါကြောင့် ထုတ်လုပ်ခွင့်သက်တမ်း ကုန်ဆုံးနေတဲ့အတွက် မလှူခင် သက်ဆိုင်ရာကို ဒဏ်ကြေးတွေ ပေးဆောင်ရဦးမယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအတွက် အဖွဲ့ဝင် ၁၁ ဦးပါ ကော်မတီကို ဖွဲ့စည်းထားပြီး ဦးကျော်သူကို ဒုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ဖို့ ကမ်းလှမ်းထားပါတယ်။
ဇာတ်ကားကို သုံးနှစ်လောက် အချိန်ယူ ရိုက်ကူးမှာဖြစ်ပြီး ၂၀၁၅ ခု ဖေဖေါ်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်မွေးနေ့မှာ ရုံတင်ပြသနိုင်ဖို့ စီစဉ်ထားပါတယ်။