နာ‌ရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ ကျန်းမာရေးပြန်ကောင်းလာ


2020.11.06
kyawthu-corona-check-622.jpg နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးကျော်သူ ကို ၂၀၂၀၊ အောက်တိုဘာ ၂၁ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Thu - facebook

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူဟာ ဝေဘာဂီဆေးရုံမှာ ဆေးကုသခံယူနေရာ ကျန်းမာရေးကောင်းမွန်တယ်လို့ သူနဲ့အတူရှိနေတဲ့ သရုပ်ဆောင်ထွန်းကိုကိုက ပြောပါတယ်။

ဦးကျော်သူကို ပြုစုရင်းနဲ့ အတူဆေးကုသခံယူနေတာလို့ သရုပ်ဆောင် ထွန်းကိုကိုက ပြောပါတယ်။

ဦးကျော်သူက နှလုံးသွေးကြော ခွဲစိတ်ထားတဲ့သူ ဖြစ်တာကြောင့် ကျန်းမာရေးဝန်ထမ်းတွေက ဆေးစစ်တာ၊ သွေးစစ်တာတွေနဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေကို အပြည့်အဝ လုပ်ပေးနေတဲ့အကြောင်း၊ ပိုးကူးစက်ခံထားရပေမယ့် ရောဂါလက္ခဏာပြတာတွေလည်း မရှိဘဲ သိပ်မကြာခင်ရက်ပိုင်းမှာပဲ ဆေးရုံက ဆင်းခွင့်ရတော့မှာဖြစ်တယ်လို့လည်း ပြောပါတယ်။

သူတို့ နှစ်ယောက်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်ကနေ ဆေးရုံကိုရောက်ရှိနေတာဖြစ်ပြီး ဒီနေ့နဲ့ ဆို ၁၆ ရက်ကြာပြီ ဖြစ်ပါတယ်။

နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ပိုးကူးစက်ခံရပေမယ့်လည်း နာရေးကူညီမှုအသင်းရဲ့ လုပ်ငန်းတွေကို ဆက်ပြီး လုပ်ကိုင်နေကြရာမှာ ဒီရက်ပိုင်းတွေအတွင်း တစ်ရက်ကို ရုပ်အလောင်း ၂၅ လောင်းကနေ ၃၀ အထိ ကူညီပို့ဆောင်ပေးနေတယ်လို့လည်း နာရေးကူညီမှုအသင်းကနေ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။