ကိုဗစ် အရေးပေါ်အခြေအနေ WHO ရုပ်သိမ်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus။ (AFP)

ကိုဗစ်ကပ်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကြေညာထားတာကနေ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မေလ ၅ ရက်နေ့မှာ ရုပ်သိမ်းတယ်လို့ ကြေညာလိုက်ပါတယ်။

WHO ဟာ ၂ဝ၂ဝ ဇန်နဝါရီ ၃၀ ရက်နေ့က ကိုဗစ်ကပ်ရောဂါကို စိုးရိမ်ဖွယ်ရာ အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကြေညာခဲ့ပြီး သုံးနှစ်ကျော်အကြာမှာ ရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ညွှန်ကြားရေးမှူးချုပ် မစ္စတာ ဂယ်ဘရိုက်စပ်က “Covid 19 ဟာ ကမ္ဘာ့လုံးဆိုင်ရာ စိုးရိမ်ဖွယ်ရာ အရေးပေါ်အခြေအနေကနေ ကျော်လွန်သွားပါပြီ” လို့ မေလ ၄ရက်နေ့က ကျင်းပတဲ့ WHO အရေးပေါ်ကော်မတီအစည်းအဝေးမှာ ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်သူ တစ်ပတ်အတွင်း ၇၀၅ ဦးရှိခဲ့ပြီး သေဆုံးသူ နှစ်ဦးရှိတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မေလ ၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။