ကိုဗစ်ကူးစက်မှုကြောင့် သုံးပတ်ကျော်အတွင်း ၁၄ ဦး သေဆုံး

2022.09.23
ကိုဗစ်ကူးစက်မှုကြောင့် သုံးပတ်ကျော်အတွင်း ၁၄ ဦး သေဆုံး ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့က ကိုဗစ်ကူးစက်မှုကြောင့် သေဆုံးသူကို မီးသင်္ဂြိုဟ်ဖို့ လူမှုကူညီရေးအဖွဲ့က သယ်ယူနေစဉ်။
Photo: RFA

မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှုနှုန်းတွေ တစ်နေ့ထက်တစ်နေ့ တိုးလာနေသလို စက်တင်ဘာလ ၁ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ သုံးပတ်ကျော်ကာလအတွင်း ကိုဗစ်ကူးစက်ပြီး သေဆုံးသူ ၁၄ ဦးအထိ ရှိနေပါတယ်။

စက်တင်ဘာလ ၁ ရက်၊ ၄ ရက်၊ ၅ ရက်၊ ၆ ရက်၊ ၁၃ ရက်၊ ၁၄ ရက်၊ ၂၁ ရက်နဲ့ ၂၂ ရက်နေ့ တွေမှာ တစ်ဦးစီ သေဆုံးခဲ့ပြီး စက်တင်ဘာလ ၁၈ ရက်၊ ၁၉ ရက်နဲ့ ၂၀ ရက်နေ့ တွေမှာ နှစ်ဦးစီ သေဆုံးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာန စာရင်းတွေမှာ ဖော်ပြ ထားပါတယ်။

စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာန ၂၂ ရက်နေ့ ညပိုင်း ထုတ်ပြန်ချက်အရ တို့ဖတ် နမူနာ ၁၂,၂၃၆ ခုကို စစ်ဆေးခဲ့ရာမှာ ကိုဗစ် - ၁၉ အတည်ပြုလူနာသစ် ၄၀၉ ဦး တွေ့ရှိခဲ့ပြီး ကိုဗစ်ကူးစက်မှုကြောင့် သေဆုံးသူ တစ်ဦးရှိခဲ့တာ ဖြစ်ပါတယ်။

ပြည်တွင်းကူးစက်မှုနှုန်းဟာ အရင် ဩဂုတ်လက ၁၀၀ ကျော်သာ ရှိခဲ့ရာကနေ အခု စက်တင်ဘာလအတွင်းမှာ သိသိသာသာတိုးလာနေပြီး ကူးစက်မှု ၄၀၀ ကျော်အထိ ရှိလာ နေတာ ဖြစ်ပါတယ်။

ကိုဗစ်ကူးစက်မှုတွေက တစ်နေ့ထက်တစ်နေ့ တိုးလာနေတာကြောင့် အရင်ကလို အပြင် သွားရင် Mask ပြန်တပ်ပြီး သွားလာနေရတယ်လို့ ရန်ကုန်မြို့ခံတစ်ဦးက RFA ကို ပြောပါ တယ်။

“ဘာပဲဖြစ်ဖြစ် ကြိုတင်ကာကွယ်ဖို့က လိုအပ်လာနေပြီလေ။ အဲဒါကြောင့် အပြင်သွား ရင် Mask တပ်သွားတယ်။ အခုလထဲမှာ ကူးစက်တာ တော်တော်များလာတယ်။ အခု ရက်ပိုင်းဆို သေဆုံးသူတွေပါ နေ့တိုင်းနီးပါး ရှိလာနေတော့ ပိုသတိထားနေရတာပေါ့”

မြန်မာနိုင်ငံအတွင်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကနေ စက်တင်ဘာလ ၂၂ ရက်နေ့အထိ ကိုဗစ် ၁၉ ကူးစက်မှုကြောင့် သေဆုံးသူ ၁၄၀ ဦးအထိ ရှိလာနေတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာန စာရင်းတွေမှာ ဖော်ပြထားပါတယ်။

စက်တင်ဘာလ ၂၂ ရက်နေ့အထိ ကိုဗစ် - ၁၉ ကူးစက်ခံရသူ စုစုပေါင်း ၆၂၀,၄၄၄ ဦးရှိပြီး သေဆုံးသူ ၁၉,၄၅၂ ဦးထိ ရှိတယ်လို့ စက်တင်ဘာလ ၂၂ရက်နေ့က ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။