သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-06-30
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၂၁ မိုင်ဂိတ်မှာ စစ်ကောင်စီတပ်နဲ့ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) တို့ ဇွန် ၃၀ ရက် ဒီနေ့မနက်အစောပိုင်းမှာ တိုက်ပွဲဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦးနဲ့ ပြည်သူတစ်ဦး သေဆုံးခဲ့တယ်လို့ ကချင် ပြည်နယ်အခြေစိုက် သတင်း မီဒီယာတွေက ဖော်ပြကြပါတယ်။
2021-06-30
ချင်းပြည်နယ် ဟားခါးမြို့မှာ စစ်အာဏာသိမ်းဆန့်ကျင်မှုကြောင့် အဖမ်းခံထားရ သူတွေ အပါအဝင် စုစုပေါင်း အကျဉ်းသား အယောက် ၄၀ ဟာ ဒီနေ့ ဇွန် ၃၀ ရက် နေ့မှာ ပြန်လွတ်လာတယ်လို့ ဒေသအခြေစိုက် Khumiland News သတင်းအရ သိရပါတယ်။
2021-06-30
စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြလို့ အဖမ်းခံထားရသူတွေထဲက အမျိုးသား ၁၈၈၂ ယောက်နဲ့ အမျိုးသမီး ၄၆၀ ကို ဒီနေ့ ဇွန်လ ၃၀ ရက်နေ့မှာ အကျဉ်းထောင်အသီးသီးကနေ ပြန်လွှတ်ပေးမယ်လို့ သတင်းရတာကြောင့် ရန်ကုန် အင်းစိန်အကျဉ်းထောင်ကြီးရှေ့မှာ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေ စောင့်ဆိုင်းနေတဲ့ မြင်ကွင်းဖြစ်ပါတယ်။
2021-06-30
လက်ရှိဖြစ်ပွားနေတဲ့ Covid-19 တတိယလှိုင်းကို စစ်ကောင်စီက ထိန်းချုပ်ဖို့ခက်ခဲနေပြီး သူ့အာဏာ တည်မြဲရေးကိုပဲ အာရုံစိုက်နေတယ်လို့ ယူဆကြောင်း အမည်မဖော်လိုတဲ့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဆရာဝန်ကြီးတစ်ဦးက သုံးသပ်ပြောပါတယ်။
2021-06-29
ဒေါ်လာဘီလျံပေါင်းများစွာ တန်ဖိုးရှိတဲ့ မြန်မာနိုင်ငံက ကျောက်စိမ်းတူးဖော်ရက အကျိုးအမြတ်တွေဟာ စစ်တပ်ရန်ပုံငွေအဖြစ် ရောက်ရှိသွားလို့ မြန်မာ့ကျောက်စိမ်း ဝယ်ယူတာကို သပိတ်မှောက်ဖို့ Global Witness အဖွဲ့ရဲ့ မနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
2021-06-29
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအပါအဝင် အမေရိကန် နိုင်ငံနဲ့ ဆွစ်ဇာလန်နိုင်ငံက မြန်မာသံတမန် ၁၁ ဦးဟာ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့ တယ်လို့ ဦးကျော်မိုးထွန်းက တနင်္လာနေ့ကပြောတဲ့အကြောင်း South China Morning Post သတင်းမှာ မနေ့က ဖော်ပြပါတယ်။
2021-06-29
အာဆီယံနိုင်ငံတွေက မြန်မာနိုင်ငံကို အထူးသံစေလွှတ်မယ့် အစီအစဉ်ကို ဂျပန်က ပံ့ပိုးကူညီသွားမှာ ဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Motegi Toshimitsu က ပြောလိုက်တဲ့အကြောင်း VNA ဗီယက်နမ်သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။
2021-06-29
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် ကွင်းငို့ရွာမှာ ဇွန်လ၂၉ ရက်နေ့ညက ဒေသခံတွေ စုပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
2021-06-29
မနေ့က ၂၄နာရီ အတွင်း စစ်ဆေးမှုတွေအရ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၃၁၂ ယောက် ထပ်တွေ့ တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဇွန်လ၂၉ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
2021-06-29
ပုဒ်မ ၅ဝ၅(က)နဲ့ တရားစွဲဆိုခံထားတဲ့ အနုပညာရှင်တွေထဲက ၂၄ ဦးကို အမှုရုပ်သိမ်းလိုက်တယ်လို့ စစ်ကောင်စီ ထိန်းချုပ်တဲ့ မြဝတီရုပ်သံသတင်းမှာ ဇွန်လ ၂၉ ရက်နေ့က ကြေညာသွားပါတယ်။
2021-06-29
စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဇွန်လ ၁ ရက်နေ့ကနေ ဒီနေ့ဇွန်လ ၂၉ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ် ကြောင့် သေဆုံးသူ စုစုပေါင်း ၁၈၀ ကျော်ရှိနေကြောင်း အကူအညီပေးနေတဲ့ မြို့ခံလူမှု အဖွဲ့အစည်းတွေက ပြောပါတယ်။
2021-06-29
မေလ ၃၁ ရက်နေ့က နမ့်ခမ်းမြို့နယ် မန်ဆွမ်းကျေးရွာက ရှမ်းလူငယ်အဖွဲ့ဒု-ဥက္ကဋ္ဌဖြစ်သူ အသက်ငါးဆယ်အရွယ် စိုင်းဆန် ခမ်းအိုက်နဲ့ ကူတို့ဆိပ်မှာ အလုပ်လုပ်တဲ့သူ သုံးယောက်ကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ပြီး စိုင်းဆန်ခမ်းအိုက်က သေဆုံးသွားခဲ့တယ်လို့ ကျေးရွာဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
2021-06-29
ရခိုင်ပြည်နယ် မောင်တောမြို့မှာ အိန္ဒိယနိုင်ငံကထုတ် ကိုဗစ်ရှီး(CoviShield) ကိုရိုနာဗိုင်းရပ်စ် ကွယ်ဆေး နှစ်ကြိမ်ထိုးထားတဲ့သူ နှစ်ယောက်မှာ ဗိုင်းရပ်စ်ပိုးတွေ့ထားတယ်လို့ ရခိုင်ပြည်နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်က ပြောပါတယ်။
2021-06-29
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့အပေါ် စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅ (ခ) အတွက် စစ်ကောင်စီဘက်က တင်သွင်းတဲ့ သက်သေခံ စာရွက်စာတမ်းတွေကို ဒေါ်အောင်ဆန်းစုကြည်တို့ ဘက်က ကန့်ကွက်ထားပေမယ့် ဒီကနေ့ ရုံးချိန်းအတွင်း တရားရုံးက ပယ်ချလိုက်ပါတယ်။
2021-06-29
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ရဲစခန်းက ဒု-ရဲအုပ် ဂျော်နီ(ခ)သူရ ကို စစ်အာဏာရှင်ဆန့်ကျင်ရေး CDM ပြုလုပ်ခဲ့လို့ အဖမ်းခံလိုက်ရပြီး ထောင်ဒဏ် သုံးနှစ် အမိန့်ချခံလိုက်ရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။