သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-03-31
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နဲ့ ၈ မိုင်အကွာမှာရှိတဲ့ နှမစားရစ်ရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့ပြီးနောက် နေအိမ်တွေ မီးရှို့ခံခဲ့ရလို့ သက်ကြီး ရွယ်အိုနဲ့ အမျိုးသမီးတွေ အပါအဝင် ရွာခံ ငါးဦး သေဆုံးခဲ့ရပါတယ်။
2022-03-30
အခုမတ်လအတွင်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ လူသုံးဦးသတ်ခံရပြီး မင်းကင်းမြို့နယ်မှာ လူ လေးဦး ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေက RFA ကို ဆက်သွယ်ပြောကြားလာပါတယ်။
2022-03-30
မြန်မာနိုင်ငံအတွင်း မြင့်တက်လာနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်း ရာနဲ့ချီတဲ့ ဘာသာရေးအဆောက်အအုံတွေ ထိခိုက်ပျက်စီးနေရကြောင်း Asia News သတင်းက ဖော်ပြပါတယ်။
2022-03-30
အွန်လိုင်းဗီဒီယိုစနစ်နဲ့ ကျင်းပတဲ့ BIMSTEC ထိပ်သီးညီလာခံမှာ အဖွဲ့ဝင်ခြောက်နိုင်ငံက အစိုးရအဖွဲ့ခေါင်းဆောင်တွေ တက်ရောက်မိန့်ခွန်းပြောခဲ့ကြပေမယ့် မြန်မာနိုင်ငံကတော့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ပဲ တက်ရောက်ခဲ့ပါတယ်။
2022-03-30
ဒီနှစ်မှာတော့ ရွာတွေ မီးရှို့ခံခဲ့ရတဲ့အတွက် နေအိမ်နဲ့အတူ ကြက်သွန်သိုလှောင်တဲ့ ခြံတွေပါ မီးလောင်ပြာကျခဲ့ရတာပါ။
2022-03-30
လူမျိုးတုံးသတ်ဖြတ်မှုကနေ အသက်ရှင်ကျန်ရစ်ပြီး ဘင်္ဂလားဒေ့ရှ်အပါအဝင် တခြားနိုင်ငံတွေကို ရောက်နေတဲ့ ရိုဟင်ဂျာတွေကို အကူအညီအထောက်အပံ့တွေတိုးပေးဖို့နဲ့ ရိုဟင်ဂျာကလေးငယ်တွေရဲ့ ပညာရေး လက်လှမ်းမီအောင်ကူညီဆောင်ရွက်ပေးဖို့ အမေရိကန်အစိုးရကို မြန်မာနိုင်ငံက အရပ်ဘက်အဖွဲ့ ၂၀၀ ကျော်က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
2022-03-30
ကိုမာန်ဇာမြေမွန်ဟာ ၂၀၂၁ ခုနှစ် ဇွန်လအတွင်း ချောင်းဦးမြို့နယ် ရှမ်းထူးရွာမှာ စစ်ကောင်စီရဲ့ ပစ်ခတ်ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးမှာလည်း နှိပ်စက်ခံခဲ့ရတယ်လို့ မိသားစုဝင်က ပြောပါတယ်။
2022-03-30
သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးသူငယ်တွေ ထွက်ပြေးနေကြရတာဖြစ်ပါတယ်။
2022-03-30
မြန်မာနိုင်ငံမှာ သတင်းသမားတွေကို စစ်ကောင်စီက ဖမ်းဆီး ထောင်ဒဏ်ချမှတ်နေတာတွေ ရပ်တန့်ဖို့ နယူးယောက် အခြေစိုက် သတင်းသမားများ ကာကွယ်ရေးကော်မတီ (CPJ) က တောင်းဆိုထားပါတယ်။
2022-03-30
မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ရန်ကုန် - မော်လမြိုင် ကားလမ်းမပေါ် ရွှေရောင်ပြရွာအနားမှာ မတ်လ ၂၉ ရက် မနေ့က စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင်အဖွဲ့အချို့ကြား တိုက်ပွဲဖြစ်ပွားတာကြောင့် အသက် ၆ နှစ်နဲ့ ၉ နှစ် အရွယ် ကလေးနှစ်ဦး ကျည်ဆန်ထိမှန် သေဆုံးသွားပါတယ်။
2022-03-30
မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရတဲ့ ရိုဟင်ဂျာတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း တုံ့ပြန်ရေးအစီအစဉ်ကို ဆောင်ရွက်ဖို့ အမေရိကန်နိုင်ငံက နောက်ထပ် ဒေါ်လာ ၁၅၂ သန်းကျော် ထည့်ဝင်မယ်လို့ မတ်လ ၂၉ ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေး ဆိုခွင့်ရှိသူ Ned Price က ထုတ်ဖော်ပြောဆိုပါတယ်။
2022-03-30
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မတ်လ ၂၅ ရက်နေ့က အသစ်ပြဋ္ဌာန်းလိုက်တဲ့ အခန်း ၁၈ ခန်းပါ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဥပဒေမှာ ရဲတပ်ဖွဲ့ကို စစ်တပ်အောက်ကနေ လုပ်ပိုင်ခွင့်တွေ ပိုပေးထား တာ တွေ့ရတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
2022-03-30
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းက ထိပ်သီးခေါင်းဆောင်တွေရဲ့ ညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေ ပါတယ်။၂၀၁၉ ခုနှစ်ကတည်းက မပြီးပြတ်ခဲ့တဲ့ စတုတ္ထအကြိမ် ထိပ်သီးညီလာခံရဲ့ ဒုတိယပိုင်းအနေနဲ့ ကျင်းပတာ ဖြစ်ပါတယ်။
2022-03-30
ရက္ခိုင့်တပ်တော် (AA) ရဲ့ တော်လှန်ရေးအစမှာ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) ကိုးကန့် တပ်ဖွဲ့ခေါင်းဆောင် ဦးဖုန်ကြားရှင်က လက်နက် ၁၀၀ စတင် ကူညီပေးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထုတ်ဖော်ပြောလိုက်ပါတယ်။
2022-03-30
ကွတ်ခိုင်မြို့က ဟေဗြုန် မူးယစ်ဆေးဖြတ်စခန်းရဲ့ အုတ်တိုက်တစ်ခုထဲမှာ မူးယစ်ဆေးစွဲ လူနာတစ်ယောက် လဲလျောင်းနေပါတယ်။ မူးယစ်ဆေးဝေဒနာကို အန်တုရင်း အပြင်က လူငယ်တွေ သီဆိုနေတဲ့ ဘာသာရေးသီချင်းကို နားစွင့်နေပုံရပါတယ်။