BIMSTEC အဖွဲ့မှာ မြန်မာပါဝင်မှုကို အိန္ဒိယ ကာကွယ်ပြောဆို
BIMSTEC လို့ခေါ်တဲ့ ဘင်္ဂလားပင်လယ်အော် ဒေသနိုင်ငံများနည်းပညာနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး အဖွဲ့မှာ မြန်မာနိုင်ငံ ပါဝင်နေတဲ့အပေါ် အိန္ဒိယအစိုးရက ကာကွယ်ပြောဆိုလိုက်ပြီး ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှု အရေးကြီးကြောင်းလည်း ပြောဆိုလိုက်ပါတယ်။
ယူကရိန်းစစ်ပွဲကြောင့် နိုင်ငံတကာမတည်မငြိမ်ဖြစ်နေရတဲ့ အကျိုးဆက်အနေနဲ့ ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုတွေ အရှိန်မြှင့်ဖို့ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ (Narendra Modi) က တိုက်တွန်းခဲ့ပေမယ့် အိန္ဒိယအနေနဲ့ မြန်မာ့အာဏာသိမ်းစစ်ကောင်စီ ကိုယ်စားလှယ်တစ်ဦး BIMSTEC ညီလာခံကို တက်ရောက်ဖို့ ကိစ္စကို ကာကွယ်ပြောဆိုခဲ့ပါတယ်။
အွန်လိုင်းဗီဒီယိုစနစ်နဲ့ ကျင်းပတဲ့ BIMSTEC ထိပ်သီးညီလာခံမှာ အဖွဲ့ဝင်ခြောက်နိုင်ငံက အစိုးရအဖွဲ့ခေါင်းဆောင်တွေ တက်ရောက်မိန့်ခွန်းပြောခဲ့ကြပေမယ့် မြန်မာနိုင်ငံကတော့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ပဲ တက်ရောက်ခဲ့ပါတယ်။
မတ်လ ၂၉ရက်နေ့ အင်္ဂါနေ့ကတော့ မြန်မာကို BIMSTEC ညီလာခံ တက်ရောက်ခွင့် ပိတ်ပင်သင့်ကြောင်း အမေရိကန်ပြည်ထောင်စုက အိန္ဒိယကိုတိုက်တွန်းခဲ့ပါတယ်။၁၉၉၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ BIMSTEC အဖွဲ့မှာ အဖွဲ့ဝင်နိုင်ငံတွေအဖြစ် သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ထိုင်း၊ နီပေါနဲ့ ဘူတန်နိုင်ငံတွေ ပါဝင်ကြပါတယ်။