သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-03-31
မန္တလေးမြို့မှာ လုယက်ရမ်းကားမှုတွေ ပိုမိုများပြားလာတဲ့အပေါ် လုံခြုံရေးအစီအမံတွေ တိုးမြှင့်ဆောင်ရွက်ဖို့ အစီစဉ် ရှိ မရှိနဲ့ ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး မှာ ဒီကနေ့ မေးခွန်းမေးမြန်းခဲ့ပါတယ်။
2017-03-31
မကွေးတိုင်းအတွင်းမှာ နွေရာသီရောက်တိုင်း သောက်သုံးရေ ပြတ်လပ်တဲ့ ဒေသအတော်များများ ရှိနေပါတယ်။ မကွေးမြို့နယ်က လင့်မြင့်ကျေးရွာမှာ စက်ရေတွင်း ပျက်စီးနေတဲ့အတွက် သောက်သုံးရေ ရှားပါးနေတဲ့အကြောင်း RFA က မကြာသေးခင်က ထုတ်လွှင့်ခဲ့ပါတယ်။
2017-03-31
မိုးရာသီအတွင်း ရိက္ခာရှားပါးတဲ့ ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်ကို ဆန်ရိက္ခာထောက်ပံ့ဖို့ အပါအဝင် ပညာရေး၊ ကျန်းမာရေး၊ ဝန်ထမ်းရေးရာ စတဲ့ လူမှုရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်တဲ့မေးခွန်း ၁၇ ကို ကချင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ မတ်လ ၃၀ရက်နေ့က မေးမြန်းခဲ့ကြပါတယ်။
2017-03-31
ဒီနေ့ခေတ် နိုင်ငံရေး၊ လူမှုရေးလုပ်ငန်းတွေမှာ လူငယ်အတော်များများ ပါဝင်ဆောင်ရွက်လာကြတာ တွေ့ရပါတယ်။ ဒီလူငယ်တွေအနေနဲ့ ဘယ်လို ရင်ဆိုင်ဖြတ်သန်းနေကြလဲ၊ ဘာတွေ ကူညီပံ့ပိုးသင့်လဲ ဆိုတာနဲ့ ပတ်သက်ပြီး ရန်ကုန်တောင်ပိုင်းခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မမေချိုလွင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က တွေ့ဆုံမေးမြန်းထားပါတယ်။
2017-03-31
မိန့်ခွန်းအစပိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိမိတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဟာ အနှစ် ၅ဝ ကျော် အမြစ်တွယ်ခဲ့တဲ့စနစ်တစ်ခုကို ပြောင်းလဲခဲ့ ရကြောင်း၊ အစိုးရဟာ ပြည်သူအတွက်ဖြစ်ရမယ် ဆိုတဲ့အချက်ကို ထင်ရှားစေခဲ့ကြောင်း ပြောကြား ပါတယ်။
2017-03-30
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Derek Mitchell ဒဲရက် မစ်ချယ်က ဂျပန်နိုင်ငံထုတ် Nikkei Asian Review နစ်ကေးအေးရှင်းရီဗြူး စာစောင်မှာ မြန်မာ အစိုးရအပေါ် ဝေဖန်ထားတဲ့ ဆောင်းပါးတစ်ပုဒ် မတ်လ ၃ဝ ရက်နေ့စွဲနဲ့ ရေးသားထားပါတယ်။
2017-03-30
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် ၅ ဖွဲ့ဖြစ် တဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည် သစ်ပါတီ (NMSP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) နဲ့ ဝ,အမျိုးသားအဖွဲ့ချုပ် (WNO) တို့ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးတော့မယ်လို့ မတ်လ ၃ဝ ရက် ညနေပိုင်းမှာ ပြောကြားလာကြောင်း နိုင် ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက သတင်းထုတ်ပြန် လိုက်ပါတယ်။
2017-03-30
ဧရာဝတီတိုင်းဒေသကြီး ဟသာၤတမြို့နယ် က မြို့ကွင်းမြစ်ရေတင်စီမံကိန်းအတွက် သိမ်းဆည်းထားတဲ့ ဥယျာဉ်နဲ့ လယ်ယာမြေဧက ငါးရာကျော် အတွက် လျှော်ကြေးငွေ ကျပ်သန်းပေါင်း တစ်သောင်းကျော် ကို ဒီနေ့ ပေးအပ်ခဲ့ပါတယ်။
2017-03-30
Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းကို သာသနာညှိုးနွမ်းစေမှုနဲ့ သာသနာရေးဦးစီးဌာနက အရေးယူပေးဖို့အတွက် တောင်း ဆိုဖို့ မန္တလေးမြို့က မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂက ဦးဆောင်ပြီး လက်မှတ်တွေ ကောက်ခံနေပါတယ်။
2017-03-30
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အစည်းအဝေးကို နေပြည်တော်က လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနမှာ ဒီကနေ့ ပြုလုပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ် ကျရောက်ချိန်မှာ အရပ်ဖက်- စစ်ဖက်ပူးပေါင်းဆောင် ရွက်ဖို့ ဆွေးနွေးကြတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
2017-03-30
ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ လာမယ့် ဧပြီလ ၁ ရက်နေ့မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ရဲတပ်ဖွဲ့အင်အား ၂၇၀ ကျော်နဲ့ လုံခြုံရေးဆောင်ရွက်သွားမယ်လို့ အမ်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်စိုး က ပြောပါတယ်။
2017-03-30
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်း တွင်းဒေသမှာ စက်ယန္တရားတွေနဲ့ တူးဖော် လုပ်ကိုင်နေတာကြောင့် မြို့ရွာ သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးလာတဲ့အခြေအနေတွေကို အစိုးရက စနစ်တကျ ဖြေ ရှင်းဆောင်ရွက်တာ မရှိတဲ့အတွက် ထပ်မံတိုက်တွန်းသွား မယ်လို့ သစ်တော၊ သတ္တု၊ သဘာဝပတ်ဝန်း ကျင်ထိန်း သိမ်းရေး၊ စိုက်ပျိုးရေး နဲ့ မွေးမြူရေးဆိုင်ရာ ကော်မတီ က ပြောပါတယ်။
2017-03-30
စစ်ကိုင်းတိုင်းဒေကြီးလွှတ်တော်မှာ မနေ့က တင်သွင်း ခဲ့တဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အတွက် ဒေသန္တရစီမံကိန်း ဥပဒေ (မူကြမ်း) မှာပါတဲ့ ကြက်ဆူပင်တိုးမြှင့်စိုက်ပျိုးရေးဆိုတဲ့ ကိစ္စနဲ့ပတ် သက်ပြီး ဒီကနေ့လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာ ဥပဒေ(မူကြမ်း)ကို တင်သွင်းခဲ့တဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးအပါအဝင် တပ်မတော်သား နဲ့ အရပ်သား လွှတ်တော်ကိုယ်စားလှယ်တွေအားလုံး က ကန့်ကွက်ခဲ့ကြပြီး ဒီကိစ္စကိုပယ်ဖျက်ဖို့ လွှတ်တော် က ဆုံးဖြတ်လိုက်တယ်။
2017-03-30
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က တင်သွင်းတဲ့ ဒေသန္တရစီမံကိန်း ဥပဒေ ကြမ်းမှာ ပါတဲ့ ကြက်ဆူပင်တိုးမြှင့်စိုက်ပျိုးရေးစီမံကိန်း နဲ့ ပတ်သက်ပြီး ဒီကနေ့လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ လွှတ်တော်ကိုယ်စားလှယ်အားလုံးက တစ်ညီတစ်ညွတ် တည်း ကန့်ကွက်ခဲ့တဲ့အတွက် လွှတ်တော်က ပယ်ဖျက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2017-03-30
နိုင်ငံပိုင်ဘဏ်တွေအားလုံး၊ ပုဂ္ဂလိက ဘဏ်တွေအားလုံး နဲ့ နိုင်ငံခြားဘဏ် ခွဲတွေအားလုံးက ဝန်ထမ်းတွေကို လာမယ့်သြင်္ကန်ကာလမှာ ပိတ်ရက် ၁၀ ရက် ခွင့်ပြုပေးဖို့အတွက် မြန်မာနိုင်ငံဗဟိုဘဏ် ကနေ ပြီးခဲ့တဲ့ ၂၈ ရက်နေ့က ညွှန်ကြားလိုက်ပါတယ်။