ဟင်္သာတမှာ မြေယာလျော်ကြေး သိန်းပေါင်း ၁ သောင်းကျော် ပေးအပ်
2017.03.30
ဧရာဝတီတိုင်းဒေသကြီး ဟသာၤတမြို့နယ်က မြို့ကွင်းမြစ်ရေတင်စီမံကိန်းအတွက် သိမ်းဆည်းထားတဲ့ ဥယျာဉ်နဲ့ လယ်ယာမြေဧက ငါးရာကျော်အတွက် လျှော်ကြေးငွေ ကျပ်သန်းပေါင်း တစ်သောင်းကျော်ကို ဒီနေ့ ပေးအပ်ခဲ့ပါတယ်။
တစ်ဧကကို ကျပ် ၁၈ သိန်းစီနဲ့ သီးနှံလျှော်ကြေးတွေပါ ပေးအပ်ခဲ့တယ်လို့ ဟသာၤတမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုး က ပြောပါတယ်။
"မြို့ကွင်းမြစ်ရေတင်စီမံကိန်းမှာ ပါဝင်သွားတဲ့တောင်သူတွေရဲ့ နစ်နာဆုံးရှုံးမှုတွေကို ငဲ့ညှာထောက်ထားတဲ့အနေ နဲ့ မြေတစ်ဧကတန်ဖိုး ၁၈ သိန်း သီးနှံလျှော်ကြေးကို တစ်ဧက ၃ ဒသမ ၆ သိန်းနှုန်း လယ်ယာမြေ ဧက ၅၃၆ ဒသမ ၃၂ ဧကအတွကို လျှော်ကြေးငွေက ၁၁၅၇ ဒသမ ၂၅၆ သန်း အဲ့ဒါပါပဲ"
တောင်သူ ၆၉၉ ဦးပိုင်ဆိုင်တဲ့ လယ်ယာမြေ ၅၃၃ ဧကနဲ့ ဥယျာဉ်ခြံမြေ ၃ ဧကကျော်အတွက် လျှော်ကြေးငွေ တွေကို ကျေးရွာအလိုက် လယ်ယာကော်မတီတွေထံ ပေးအပ်ခဲ့တာဖြစ်ပြီး ကော်မတီတွေက တစ်ဆင့် သက်ဆိုင်ရာ လယ်ယာမြေပိုင်ရှင်တွေထံ ပြန်လည်ပေးအပ်သွားမှာဖြစ်ပါတယ်။
ဟသာၤတမြို့နယ်အတွင်းက ကျေးရွာ ၁၀ ရွာက လယ်ယာမြေတွေကိုသိမ်းယူခဲ့ပြီး မြို့ကွင်းမြစ်ရေတင် စီမံကိန်းကို ၂၀၀၂ ခုနှစ်က စတင်ဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။