ကြက်ဆူပင် တိုးမြှင့်စိုက်ပျိုးရေးစီမံကိန်းကို စစ်ကိုင်းလွှတ်တော် ပယ်ချ

0:00 / 0:00

စစ်ကိုင်းတိုင်းဒေကြီးလွှတ်တော်မှာ မနေ့ကတင်သွင်းခဲ့တဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ဒေသန္တရစီမံကိန်း ဥပဒေ (မူကြမ်း) မှာပါတဲ့ ကြက်ဆူပင်တိုးမြှင့်စိုက်ပျိုးရေးဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဒီကနေ့လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာ ဥပဒေ(မူကြမ်း)ကို တင်သွင်းခဲ့တဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးအပါအဝင် တပ်မတော်သား နဲ့ အရပ်သား လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးက ကန့်ကွက်ခဲ့ကြပြီး ဒီကိစ္စကိုပယ်ဖျက်ဖို့ လွှတ်တော်က ဆုံးဖြတ်လိုက်တယ်။

လာမယ့်ဘဏ္ဍာနှစ်အတွက် စီမံကိန်းတွေထဲက စစ်ကိုင်းတိုင်းဒေကြီးလွှတ်တော်က ပယ်ဖျက်ခဲ့တဲ့ စီမံကိန်းတွေ အကြောင်းနဲ့ပတ်သက်ပြီး ကသာမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်သိန်း ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။