သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-04-06
မြန်မာနိုင်ငံမှာ စစ်အစိုးရလက်ထဲကနေ အရပ်သား အစိုးရတရပ် လက်ထဲ အာဏာကို လွှဲပြောင်းပေးလိုက်ပြီ ဆိုပေမဲ့ လူထုဘဝ တိုးတက်ရေးအတွက် လုပ်ဆောင်မဲ့ လုပ်ငန်းစဉ်တွေကို ထင်သာမြင်သာ မတွေ့ရပဲ ဖြစ်နေတယ်လို့ HRW လို့ ခေါ်တဲ့ နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ရဲ့ အာရှရေးရာ ကျွမ်းကျင်သူ Mr. David Scott Mathison က ဧပြီလ ၄ ရက်နေ့က ဆောင်းပါးမှာ ရေးသား ဖော်ပြလိုက်ပါတယ်။
2011-04-05
ရှမ်းတိုင်းရင်းသားခေါင်းဆောင် နိုင်ငံရေးအကျဉ်းသား ဦးခွန်ထွန်းဦး ကို UNA က သူရဲကောင်းဆု ချီးမြှင့်
2011-04-05
SSPP/SSA ရှမ်းပြည်တပ်မတော် အက်စ်အက်စ်အေ မြောက်ပိုင်းတပ်တွေနဲ့ မြန်မာစစ်တပ်တွေ ဟာ အရင်က ရှမ်းပြည်အလယ်ပိုင်း၊ အက်စ်အက်စ်အေ မြောက်ပိုင်း ဌာနချုပ်ရှိရာ ဝမ့်ဟိုင်းဒေသအနီးမှာ တိုက်ပွဲတွေဖြစ်နေရာက အခုအခါ လားရှိုး၊ သီပေါနယ်အထိ ပျံ့နှံံ့လာတယ်လို့ ရှမ်းတပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
2011-04-05
ဂျပန်နိုင်ငံက ငလျင်ဒဏ်ခံ ဒုက္ခသည်တွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားနဲ့ ကူညီရေး လုပ်ငန်းစဉ်တွေကို ဒီကနေ့ ဧပြီ ၅ ရက် မွန်းလွဲပိုင်းက NLD ပါတီဌာနချုပ်မှာ ပြုလုပ်သွားပါတယ်။
2011-04-05
မလေးရှားနိင်ငံ ကွာလာလမ်ပူမြို့တော်နဲ့ မိုင် ၅၀ လောက်မှာ ရှိတဲ့ လူဝင်မှု ထိန်းသိမ်းရေး လင်းခေးစခန်း မှာ ဧပြီ ၄ ရက် မနေ့က မီးလောင်မှု ဖြစ်ပွားပြီးနောက် စခန်းက မြန်မာအပါအဝင် တရားမဝင် ပြောင်းရွှေ့နေထိုင်သူ ထိန်းသိမ်းထားသူ ၁၀၀ ကျော် ထွက်ပြေးသွားခဲ့တယ်လို့ နိင်ငံတကာ သတင်းတွေထဲမှာ ဖော်ပြထားပါတယ်။
2011-04-05
လူငယ်လုပ်ငန်းတွေ ပိုပြီး ဆောင်ရွက်နိုင်ဖို့ NLD ပါတီရုံးချုပ်က လူငယ်တွေနဲ့ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်း ပါတီ စည်းရုံးရေး ကော်မတီဝင်တွေက လူငယ်အဖွဲ့ဝင်တွေ ဧပြီ ၄ ရက် မနေ့က ညှိနိုင်း ဆွေးနွေးတယ်လို့ စုံစမ်း သိရှိရပါတယ်။
2011-04-05
နိုင်ငံရေးအကျဉ်းသား ဦးသူရခေါ် ဟာသအနုပညာရှင် ဇာဂနာအကြောင်း ရိုက်ကူးထားတဲ့ ‘This Prison Where I Live (ကျွန်တော်နေတဲ့ ဒီအကျဉ်းထောင်)’ မှတ်တမ်းတင် ရုပ်ရှင်ကားကို အမေရိကန်ပြည်ထောင်စု အင်ဒီယားနား တက္ကသိုလ်-ပါဒူးတက္ကသိုလ် IPFW ခန်းမမှာ ဧပြီ ၄ ရက် တနင်္လာနေ့က ပြသပါတယ်။
2011-04-05
ဦးသိန်းညွန့် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစုအဖွဲ့(NDF) နဲ့ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း တို့ ဦးဆောင်တဲ့ (NDF) တို့ လမ်းခွဲလိုက်ပြီ ဖြစ်ပြီး အခွင့်သင့်လျှင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ပြန်လည် ပူးပေါင်းမယ်လို့ ဦးသိန်းညွန့်က ပြောဆိုလိုက်ပါတယ်.
2011-04-04
ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ မတ်လ ၂၄ ရက်က ပြင်းအား ၆.၈ ရှိ မြေငလျင် လှုပ်ခတ်
2011-04-04
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့မှာ မြန်မာအမျိုးသမီး အလုပ်သမားတွေကို ရဲအယောင်ဆောင်ပြီး ငွေကြေးယူ အဓမ္မကျင့် စော်ကားသူ ထိုင်းနိုင်ငံသားတဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူလိုက်ကြောင်း သတင်းရရှိပါတယ်။
2011-04-04
ဆင်းရဲချို့တဲ့ နာမကျန်းသူတွေကို ကူညီစောင့်ရှောက်ပေးမဲ့ လူမှုရေးအဖွဲ့တဖွဲ့ကို ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်မှာ ဖွဲ့စည်းလိုက်တယ်လို့ သတင်း ရရှိပါတယ်။
2011-04-04
ပြီးခဲ့တဲ့ စနေနေ့က ထိန်းသိမ်းခံခဲ့ရတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့ နေအိမ်ကို ဒီနေ့ ဧပြီ ၄ ရက် မနက်မှာ ထောက်လှမ်းရေး၊ ရဲနဲ့ ဒေသခံ အုပ်ချုပ်ရေးအဖွဲ့တွေ ဝင်ရောက် ရှာဖွေခဲ့ပြီး ကိုယ်ပိုင်သုံး ကွန်ပျူတာ Laptop တလုံး သိမ်းဆည်းသွားတယ်လို့ သတင်းရရှိပါတယ်။
2011-04-04
ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ကာကွယ်ရေး ဦးစီးချုပ် ရာထူးကနေ တရားဝင် အနားယူသွားပြီလို့ အမည်မဖော်လိုတဲ့ အစိုးရအရာရှိတဦးက အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။ အလားတူပဲ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးလည်း ဒု ကာကွယ်ရေး ဦးစီးချုပ် ရာထူးကနေ အနားယူသွားပြီလို့ နိုင်ငံတကာ သတင်းဌာနတွေက အစိုးရအရာရှိတွေကို ကိုးကားပြီး ဖော်ပြခဲ့ကြပါတယ်။
2011-04-04
တိုင်းရင်းသားဒေသတွေမှာ အပစ်အခတ် ရပ်စဲဖို့အရေးနဲ့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့အတွက် တွေ့ဆုံ ဆွေးနွေးရေးတွေ ပြုလုပ်ဖို့ သမတ ဦးသိန်းစိန် အစိုးရကို ကရင် အမျိုးသား အစည်းအရုံး (KNU) က ဧပြီ ၄ ရက် ဒီကနေ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2011-04-04
သမတ ဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့သစ် လက်ထက်မှာ လယ်သမားတွေရဲ့ အခွင့်အရေးတွေကို တိုးတက်အောင် လုပ်ဆောင်မှာလားဆိုတာ အခု မကွေးတိုင်း ကမ္မမြို့မှာ ဖြစ်ပွားနေတဲ့ လယ်သမားတွေရဲ့ အမှုစီရင်ချက်က သက်သေခံလိမ့်မယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။