လယ်သမားများအရေး အစိုးရသစ် ဖြေရှင်းမပေး

သမတ ဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့သစ် လက်ထက်မှာ လယ်သမားတွေရဲ့ အခွင့်အရေးတွေကို တိုးတက်အောင် လုပ်ဆောင်မှာလားဆိုတာ အခု မကွေးတိုင်း ကမ္မမြို့မှာ ဖြစ်ပွားနေတဲ့ လယ်သမားတွေရဲ့ အမှုစီရင်ချက်က သက်သေခံလိမ့်မယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။

2011.04.04
president_thein_sein_305_z.png သမတ ဦးသိန်းစိန် (အလယ်) နှင့် ဒုတိယ သမတများ ဖြစ်သော ဦးတင်အောင်မြင့်ဦး (ဝဲ)၊ ဒေါက်တာ စိုင်းမောက်ခမ်း (ယာ) တို့ ဧပြီ ၁ ရက်နေ့က အစိုးရအဖွဲ့သစ် တာဝန်များ အသီးသီး ယူပြီးနောက် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP / HO / MNA)
Photo: AFP / HO / MNA

ကမ္မမြို့မှာ လယ်သိမ်းခံရတဲ့ ဒေသခံ လယ်သမား တချို့ ရိုက်နှက် ဖမ်းဆီးခံရတဲ့အပြင် တရားစွဲဆို ခံထားရပါတယ်။ ဥပဒေ ကျွမ်းကျင်သူတွေကတော့ ဦးသိန်းစိန် အစိုးရက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အချက်တွေကို ပြင်ဆင်ဖို့ အရိပ်အယောင် မမြင်ရတဲ့အတွက် လယ်သမားတွေရဲ့ အခွင့်အရေးတွေ တိုးတက်လာစရာ မရှိဘူးလို့ မြင်ကြပါတယ်။

ဒီအကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တင်ပြထားပါတယ်။

အစိုးရသစ်နှင့် လယ်သမားအရေး
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-04-09 12:19

စောင့်ကြည့်ရအုံးမှာပေါ့ မောင်သိန်းစိန်... ဒိပုတ်ထဲကဒီပဲဆိုလို့ကတော့...