သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-02-18
မကွေးတိုင်း၊ မြိုင်မြို့မှာ ဖေဖော်ဝါရီလ ၁၄ ရက်ကနေ ဒီနေ့အထိ စစ်တပ်ရဲ့ ဖမ်းဆီးမှုကိုခံရသူ ၂၀ ကျော် ရှိနေပါပြီ။
2022-02-18
စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ နှစ်ရက်ကြာတိုက်ပွဲအတွင်း စစ်တပ်ဘက်က တပ်ကြပ်ကြီး အပါအဝင် ၁၀ ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့ပါတယ်။
2022-02-18
မိုးဗြဲမြို့မှာ စစ်ကောင်စီနဲ့ PDF တွေ ဒီကနေ့ တိုက်ပွဲဆက်ဖြစ်နေပြီး အရပ်သားတစ်ဦး သေဆုံးခဲ့သလို ခုနစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2022-02-18
လားရှိုးမြို့နယ် လုံတကျေးရွာအနီးမှာ ဖေဖော်ဝါရီလ ၁၇ ရက်က နေရပ်ပြန်နေတဲ့ ပန်နန်းရွာ စစ်ဘေးဒုက္ခသည်တွေ အနီး လက်နက်ကြီး ကျရောက် ပေါက်ကွဲလို့ သုံးဦးသေဆုံးခဲ့ပါတယ်။
2022-02-18
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကို တရားစွဲဆိုထားတဲ့အမှုအတွက် တရားလိုပြသက်သေ ဦးမောင်ဝိတ်က ဒီနေ့မှာ လာရောက်ထွက်ဆိုခဲ့ပါတယ်။
2022-02-18
ခင်ဦးမြို့နယ်၊ မြို့သစ်ကျေးရွာအနီးမှာ စစ်ကောင်စီ တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား ရာမှာ ကာကွယ်ရေးတပ်ဖွဲ့ဘက်က ၁၄ ဦး သေဆုံးခဲ့ ပါတယ်။
2022-02-18
ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ပါတယ်။
2022-02-18
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ချောင်းဦးရွာကို ဖေဖော်ဝါရီလ ၁၈ ရက် ဒီနေ့မနက်ပိုင်းက စစ်ကောင်စီတပ် သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင် ၂၀ ကျော် ဝင်ရောက်လာပြီးနောက် နေအိမ် ၃၀၀ ကျော် မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-02-18
မြန်မာ့ရိုးရာ ယွန်းထည်လုပ်ငန်းကို အဓိကအများဆုံးလုပ်ကိုင်နေတဲ့ ပုဂံဒေသမှာ အခုဆိုရင် လုပ်ငန်းတွေ ရပ်တန့်နေတာ အချိန်နှစ်နှစ်နီးပါးရှိနေပါပြီ။
2022-02-18
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့်အဖြစ် တာဝန်ယူခဲ့တဲ့ ဒုရဲအုပ် ချယ်ရီထက်ဟာ သူ့မှာ အပြစ်မရှိကြောင်း ရုံးချိန်းမှာ ထွက်ဆိုခဲ့ပါတယ်။
2022-02-18
မိုးမောက်မြို့နယ်၊ ခါနန်ရွာမှာ KIA နဲ့ စစ်ကောင်စီ တပ်တွေတိုက်ပွဲကြောင့် ခါနန် ဒုက္ခသည်စခန်းမှာ ခိုလှုံ နေသူတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။
2022-02-18
မန္တလေး မန်းမြို့ဈေးအနီးက ရွှေဆိုင်မှာအလုပ် လုပ်နေတဲ့ မနေခြည်ရွှန်းလဲ့ထွန်းကို စစ်တပ် ဖမ်းဆီး သွားပြီးနောက် အဆက်အသွယ်ပြတ်နေပါတယ်။
2022-02-18
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က စစ်ကောင်စီခန့်ဝန်ထမ်းတွေအနေနဲ့ ဒီလကုန် နောက်ဆုံး ထားပြီး CDM ပြုလုပ်ဖို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဖေဖော်ဝါရီလ ၁၈ ရက် ဒီနေ့မှာ ထုတ်ပြန်ပါ တယ်။
2022-02-17
စစ်အာဏာရှင်အဆက်ဆက် လက်အောက်ရောက်ခဲ့ရတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အာဆီယံအနေနဲ့ တစ်စုံတစ်ရာ ဆောင်ရွက်ပေးနိုင်ဆဲဖြစ်ကြောင်း ဒီပလိုမက် သတင်းစာက ဖော်ပြပါတယ်။ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ်နဲ့ အဖွဲ့ဝင်တွေကို မတိုင်ပင်ဘဲ မြန်မာစစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့ပြီး ရလဒ်ကတော့ စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်အတွက်၊ ဒေသတွင်းက ခေါင်းဆောင်တစ်ဦးနဲ့ ပူးတွဲကြေညာချက်ထုတ်ပြန်တဲ့ လေ့ကျင့်ခန်းအဖြစ်သာ အရာရောက်ခဲ့တယ်လို့လည်း ရေးသားထားပါတယ်။
2022-02-17
နယူးဇီလန်နိုင်ငံဟာ တခြားအနောက်နိုင်ငံတွေနည်းတူ စစ်ကောင်စီနဲ့ စစ်ရေးဆိုင်ရာအပါအဝင် တခြားအဆင့်မြင့်ဆက်ဆံရေးတွေကို ရပ်ထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်