သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-12-23
ဒါရိုက်တာ မင်းထင်ကိုကိုကြီးနဲ့အဖွဲ့ စီစဉ်တဲ့ “လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ” ခရီးသွားရုပ်ရှင် ပွဲတော်ကို ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့မှာ မနေ့က ကျင်းပခဲ့ပါတယ်။
2014-12-23
တိုင်းရင်းသားပါတီတွေနဲ့ ဖဲ့ွစည်းထားတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖဲ့ွ UNA ရဲ့ ညီလာခံကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသေက်ဆိုင်မှာ ဒီကနေ့ကစပြီး နှစ်ရက်ကြာ ကျင်းပနေပါတယ်။
2014-12-23
အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ဟာ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီနေ့ စတင် ဆွေးနွေးနေကြပါတယ်။
2014-12-23
၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ကျရောက်မယ့် ဗိုလ်ချုပ်အောင်ဆန်း နှစ်တရာပြည့် မွေးနေ့အကြို ဂုဏ်ပြုဖျော်ဖြေပွဲကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ဝ ရက်နေ့က ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်မှာ ကျင်းပခဲ့ပါတယ်။ ဒီပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ နာယက ဦးတင်ဦးတို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပြီး သီးလေးသီးအငြိမ့်အဖွဲ့က ဖျော်ဖြေခဲ့ပါတယ်။
2014-12-23
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာ ရဲတပ်ဖွဲ့ကပစ်ခတ်တဲ့အတွက် မြေသိမ်းခံတောင်သူ အမျိုးသမီးကြီး တစ်ဦးသေဆုံး ရတဲ့ဖြစ်ရပ် နဲ့ပတ်သက်လ့ို ဒေသခံ ဆရာတော် တစ်ပါးဖြစ်တဲ့ အရှင်အာလောက ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
2014-12-23
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ ဗီယက်နမ်ကုမ္ပဏီတစ်ခုက အကောင်အ ထည်ဖော်နေတဲ့ နေပူတောင် မာဘယ်လ် အလှဆင်ကျောက် ထုတ်လုပ်ရေး စီမံကိန်းကို ရပ်ဆိုင်းပေးဖို့ ဒေသခံတွေက ဒီလ ၂၈ရက်နေ့မှာ ဆန္ဒပြတောင်းဆိုသွားမယ်လို့ သိရ ပါတယ်။
2014-12-22
ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ဝင်ပေါက်ကို ပိတ်ဆို့ပြီး ဆန္ဒပြနေတဲ့ မိကျောင်းကန် သပိတ်စခန်းက ဆန္ဒပြသူ ၃ဝ လောက်ကို ပုဒ်မ ၃၄၁ မတရားတားဆီးကန့်ကွက်မှုနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဌာနမှူးက တရားလိုလုပ် ပြီး ကျောက်တံတားမြို့နယ်ရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။
2014-12-22
ကချင်ပြည်နယ် အများပိုင်ကုမ္ပဏီလီမိတက် က မြစ်ဆုံမန္တလာအမည်နဲ့ မြစ်ကြီးနား-မန္တလေး အစုန်အဆန်ခရီးစဉ်သစ်တစ်ခုကို တွဲဆိုင်းနှစ်ဆိုင်းနဲ့ ပုဂ္ဂလိကမီးရထားလိုင်းအဖြစ် တနင်္ဂနွေနေ့က စတင်ပြေးဆွဲလိုက်ပါတယ်။
2014-12-22
ပဲခူးတိုင်း တိုင်းဒေသကြီးအစိုးရအနေ နဲ့ ဒေသတွင်းလယ်ယာမြေပြဿနာတွေ ကို ဖြေရှင်းဆောင်ရွက်ပေး ဖို့ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဒီနေ့ ညွှန်ကြားလိုက်ပါတယ်။
2014-12-22
တက္ကသိုလ်တွေမှာ ကျောင်းသားအဖွဲ့ အစည်းတွေ ဖွဲ့စည်းဖို့၊ ကျောင်းအာဏာ ပိုင်တွေက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက စတင်ဆောင် ရွက်နေကြရာမှာ၊ ကျောင်းသားထုရဲ့ ဆန္ဒသဘောထားကို သိရှိနိုင်ရေးအတွက် ကျောင်းသားတွေနဲ့ တွေ့ဆုံပွဲတစ် ရပ် ခေါ်ယူကျင်းပပေးဖို့ ဒဂုံတက္ကသိုလ် ကျောင်းသားတွေ ဖွဲ့စည်းထားတဲ့ ကျောင်းသားသမဂ္ဂက တောင်းဆိုထားပါတယ်။
2014-12-22
၁၂ ပွင့်ဆိုင် ထိပ်သီးခေါင်းဆောင်တွေ တွေ့ ဆုံဆွေးနွေးရေးကို ထောက်ခံကြောင်း ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) ပါတီက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2014-12-22
အစိုးရက ဦးဆောင်ကျင်းပနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကနေ တိုင်းရင်းသားတွေ လိုလားတဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာ မဟုတ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဌ ဦးခွန်ထွန်းဦးက ပြောပါတယ်။
2014-12-22
တရုတ်ဝမ်ပေါင် ကုမ္ပဏီနဲ့ အစိုးရစစ်တပ် ပိုင် ဦးပိုင်ကုမ္ပဏီတို့ကြေးနီထုတ်လုပ်နေ တဲ့ လက်ပံတောင်းတောင်ဒေသမှာ ကုမ္ပဏီတွေ ခြံစည်းရိုးခတ်နေတာကို တားမြစ်ခဲ့ကြ တဲ့ မြေသိမ်းခံတောင်သူတွေကို ရဲတပ်ဖွဲ့က ပစ်ခတ်လူစုခွဲ ခဲ့တဲ့အတွက် အမျိုးသမီးတစ်ဦး သေဆုံးပြီး အနည်းဆုံး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြပါတယ်။
2014-12-22
အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းဖေါ်ဆောင်ရေးကော်မတီ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ NCCT ရဲ့လာမယ့် ၇ ကြိမ်မြောက် ဆွေးနွေးပွဲကစပြီး နိုင်ငံတကာအဖွဲ့အစည်းတွေ ကို အသိသက်သေအဖြစ် ဖိတ်ခေါ်ဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက အစိုးရကို တောင်းဆိုလိုက် ပါတယ်။
2014-12-22
မြန်မာနိုင်ငံက စာသင်ကျောင်း အများအပြားမှာ ကလေးငယ်များအတွက် ရောင်းချနေတဲ့ ပြည် တွင်း ပြည်ပက သွားရည်စာအထုပ်တွေ မှာ ဘေးဖြစ်စေနိုင်တဲ့ ဓါတုဆေးများ ပါဝင်နေတဲ့ ကိစ္စကို ဦးခင်မောင်ညိန်းက အိန္ဒိယနိုင်ငံ ဒေလီမြို့ မှာ ယမုံနာ ဆေးခန်းတည်ထောင်ခဲ့တဲ့ ဆရာဝန်ကြီး ဦးတင့်ဆွေကို မေးမြန်းတင်ပြထားပါတယ်။