ပဲခူးတိုင်း တိုင်းဒေသကြီးအစိုးရအနေနဲ့ ဒေသတွင်း လယ်ယာမြေပြဿနာတွေကို ဖြေရှင်းဆောင်ရွက်ပေး ဖို့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဒီနေ့ ညွှန်ကြားလိုက်ပါတယ်။
သူရဦးရွှေမန်းဟာ ပဲခူးမြို့ ရွှေမော်ဓောဘုရား အနောက် ဘက်ကကွင်းမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေ၊ လယ်သမားတွေနဲ့ တွေ့ဆုံခဲ့ရာမှာ အသိမ်းခံထားရတဲ့ လယ်ယာ မြေပြဿနာတွေ ဖြေရှင်းဖို့ နဲ့ တောင်သူတွေ ထံ ပြန်ပေးမယ့်လယ်ယာမြေတွေကို ဥပဒေနဲ့အညီ လွဲှပြောင်းပေးဖို့ ညွှန်ကြားခဲ့တယ်လို့ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးနဲ့ မွေးမြူရေးဝန်ကြီး ဦးတင်စိုးက ပြော ပါတယ်။
"အကြောင်းကြောင်းကြောင့် တချိန်တုန်း က မြေယာသိမ်းခဲ့တဲ့ဖြစ်စဉ်တွေနဲ့ ပတ်သက် ပြီးတော့ ပြန်ပေးကြတာပေါ့၊ ပြန်ပေးတဲ့အခါမှာ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းနဲ့ အညီပြန်ပေးနိုင်ဖို့ အတွက် ဆောင်ရွက်ပေးနိုင်ဖို့၊ ပါတီဥက္ကဌကြီးအနေနဲ့လဲ အဓိကအားဖြင့် ၇၀ ရာခိုင်နှုန်းသောတောင်သူ လယ်သမားများရဲ့အကျိုးကို ပါတီဝင်ထုတွေကနေပြီးတော့ စွမ်းဆောင်ပေးဖို့ ဒါကိုလမ်းညွှန်မိန့်ကြားသွားပါတယ်"
ပဲခူးတိုင်းဒေသကြီးအတွင်း သိမ်းယူခံထားရတဲ့လယ်ယာမြေဧက ၃ သောင်းနီးပါးရှိပြီး အဲ့ဒီထဲက ဧကတစ်သောင်းကျော် ကို လယ်သမားတွေထံ ပြန်လည်ပေးအပ်ခဲ့ပြီးဖြစ်တယ်လို့ ဝန်ကြီး ဦးတင်စိုး ကပြောပါတယ်။
တွေ့ဆုံပွဲကို ပဲခူးတိုင်းဒေသကြီး မြို့နယ် ၂၈ ခုက လယ်သမား ၇၀၀၀ ကျော် တက်ရောက်ခဲ့ကြပြီး လယ်သမားတွေက လယ်ယာမြေပြဿနာတွေအပြင် လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေရရှိရေးနဲ့ လျှပ်စစ်မီးရရှိရေးတို့ကို တင်ပြခဲ့ကြ တယ်လို့ သိရပါတယ်။