တိုင်းရင်းသားလိုချင်တဲ့ ငြိမ်းချမ်းရေး၊ အစိုးရ မဖေါ်ဆောင်နိုင်


2014.12.22
una-conference-305.jpg ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA ရဲ့ ပထမအကြိမ် ညီလာခံကို ဒီဇင်ဘာလ ၂၂ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပစဉ်
Photo: RFA

အစိုးရက ဦးဆောင်ကျင်းပနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေး ပွဲတွေကနေ တိုင်းရင်းသားတွေ လိုလားတဲ့ ငြိမ်းချမ်းရေး ကို ဖော်ဆောင်နိုင်မှာ မဟုတ်ကြောင်း ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဌ ဦးခွန်ထွန်းဦး က ပြောပါတယ်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့ကျင်းပတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA ရဲ့ ပထမအကြိမ် ညီလာခံမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဌ ဦးခွန်ထွန်းဦးက ပြောကြားခဲ့ပါတယ်။

UNA ညီလာခံကို ဒီနေ့နဲ့ မနက်ဖြန် ၂ ရက်ကြာကျင်းပ မှာဖြစ်ပြီး ၂၀၀၈ ဖဲ့ွစည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ကို အဓိကထား ဆွေးနွေးကြ မှာဖြစ်ပါတယ်။

ဒါ့အပြင် UNA အဖွဲ့ဝင် တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြား ပူးတွဲဆောင်ရွက်နိုင်မယ့်ကိစ္စတွေကိုလည်း အခုညီလာခံမှာ ထည့်သွင်းဆွေးနွေးသွားမယ်လို့ သိရပါတယ်။

ညီလာခံကို UNA အဖွဲ့ဝင်တွေဖြစ်တဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားများပါတီ၊ ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက်၊ ကရင်အမျိုးသားပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီနဲ့ ကယန်းအမျိုးသားပါတီတို့က ကိုယ်စားလှယ်တွေ တက်ရောက်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။