သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2025-04-06
ငလျင်ဒဏ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ကယ်ဆယ်ရေး နဲ့ ပြန်လည်ထူထောင်ရေး လိုအပ်ချက်တွေကို လေ့လာဖို့ မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ USAID ဝန်ထမ်း သုံးဦး အလုပ်က ထုတ်ပယ်ခံလိုက်ရတယ်လို့ The New York Times သတင်းက ဖော်ပြပါတယ်။
2025-04-06
“ပျက်စီးမှုတွေက တုန်လှုပ်စရာကောင်းတယ်၊ အသက်တွေ ဆုံရှုံးသွားတယ်၊ အိမ်တွေ ပျက်စီးတယ် အသက်မွေးဝမ်းကြောင်းတွေ ပြိုပျက်သွားတယ်၊ ဒါပေမယ့် ပြည်သူတွေရဲ့ ခံနိုင်ရည်အားကတော့ မယုံနိုင်လောက်အောင်ပါဘဲ” လို့ Tom Fletcher က သူ့ရဲ့ တွစ်တာ စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
2025-04-06
စစ်ကောင်စီက ဧပြီလ ၂ ရက်ကနေ ၂၂ ရက်နေ့အထိ နိုင်ငံတစ်ဝန်း ယာယီအပစ်အခတ်ရပ်စဲကြောင်း ကြေညာထားပေမဲ့ ရခိုင်ပြည်နယ်မှာတော့ ကြည်း၊ ရေ၊ လေ သုံးပြီး နေ့စဉ်ရက်ဆက် တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော် (AA) က ဧပြီလ ၅ ရက်နေ့ညက ထုတ်ပြန်ပြောဆိုပါတယ်။
2025-04-05
ဒါဟာ အရေးပေါ် အကူအညီလိုအပ်နေသူတွေဆီ လူသားချင်းစာနာမှု အကူအညီတွေရောက်ဖို့ နှောင့်နှေးစေတယ်လို့ လက်ရှိ ငလျင်ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက RFA ကို ပြောပါတယ်။
2025-04-05
မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဧပြီလ ၅ ရက်နေ့အထိ နိုင်ငံတစ်ဝန်း သေဆုံးသူ ၃၄၅၅ ဦးအထိ ရှိလာတယ်လို့ ဧပြီလ ၆ ရက်နေ့ထုတ် စစ်ကောင်စီရဲ့ မြဝတီသတင်းစာမှာ ဖော်ပြပါတယ်
2025-04-05
ရပ်ကွက်အများစုမှာ လျှပ်စစ်မီး ပြန်ရနေပြီဖြစ်ပေမဲ့ ငလျင်လှုပ်ပြီးနောက် အရင်ကတူးထားတဲ့ အဝီစိရေတွင်းတွေမှာ ရေခမ်းခြောက်သွားတာ၊ ရွံနွံတွေနဲ့ ပိတ်နေတာကြောင့် သောက်ရေအအပြင် သုံးရေအတွက်ပါ အခက်အခဲ ကြုံနေရတာပါ။
2025-04-05
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက တစ်သိန်းရှစ်သောင်းကို ပြန်လက်ခံမယ်လို့ စစ်ကောင်စီက အတည်ပြုပါတယ်။
2025-04-05
မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က အင်အားပြင်းငလျင်လှုပ်ခဲ့တာက အခုဆို တစ်ပတ်တိတိရှိသွားပါပြီ။ ဒါပေမဲ့ ငလျင်ကြောင့် ပျောက်ဆုံးသူနဲ့ သေဆုံးသူတွေကို ရှာဖွေကယ်ဆယ်ရေးမလုပ်နိုင်သေးတဲ့ နေရာတွေ ရှိနေပါတယ်။
2025-04-05
မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဧပြီလ ၄ ရက် ညနေ ၆ နာရီအထိ သေဆုံးသူ ၃၃၅၄ ဦးအထိ ရှိလာနေတယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဧပြီလ ၅ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။
2025-04-04
ငလျင်ဘေးအပါအဝင် နောက်ဆုံးရ မြန်မာသတင်းများ။ (RFA အနေဖြင့် ရန်ပုံငွေ မရေရာမှုအခြေအနေကြောင့် အစီအစဉ်များအား အကန့်အသတ်ဖြင့်သာ ထုတ်လွှင့်နေပါသည်)
2025-04-04
မြန်မာပြည်သူတွေထံ နိုင်ငံတကာက ပေးတဲ့ အကူညီတွေကို နိုင်ငံတကာအဖွဲ့စည်းတွေ ဒေသခံ လူမှုအဖွဲ့တွေကတဆင့် ပေးခွင့်ရဖို့ အလွန်အရေးကြီးတယ်လို့လည်း သူက ပြောပါတယ်။
2025-04-04
စစ်ကောင်စီက ဧပြီလ ၂ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ယာယီအပစ်အခတ်ရပ်စဲထားပေမဲ့ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး စတဲ့တိုင်းတွေမှာ လေကြာင်းသုံးပြီး ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေက ရှိနေဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။
2025-04-04
လားရှိုးမြို့ကိုသိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကိုးကန့်တပ် (MNDAA) ဟာ ဧပြီလ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး မြို့ပေါ်ကနေ ဆုတ်ခွာဖို့ ပြင်ဆင်နေတယ်လို့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ နီးစပ်သူတစ်ဦးက RFA ကို အတည်ပြုပြောပါတယ်။
2025-04-04
ထိပ်သီးအစည်းအဝေး မစတင်မီ ဝန်ကြီးချုပ် Paetongtarn က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ၊ မူးယစ်ဆေးဝါး နဲ့ တရားမဝင်ရောင်းဝယ်ဖောက်ကားမှု အပါအဝင် ကိစ္စရပ်တွေ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
2025-04-04
ကုလသမဂ္ဂ လူသားချင်းစာနာမှုနဲ့ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး တွမ်ဖလက်ရှာ (Tom Fletcher)လည်း ဧပြီလ ၄ ရက်နေ့မှာ မြန်မာနိုင်ငံကို လာဖို့ရှိပါတယ်။