မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပြီး ဒီမိုကရေစီကို ပြန်သွားဖို့ ကုလအကြီးအကဲပြော
2025.04.04
မြန်မာနိုင်ငံက လက်ရှိပဋိပက္ခတွေကို အဆုံးသတ်နိုင်ဖို့ သက်ဆိုင်ရာ မြန်မာပြည်တဝှမ်းက အဖွဲ့အစည်းအားလုံးအနေနဲ့ တညီတညွတ်အဖြေရှာရမယ့် အချိန်ရောက်နေပြီလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ဧပြီလ ၃ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
လက်ရှိ စိတ်မချမ်းမြေ့စရာအခိုက်အတန့်ကနေ မြန်မာပြည်သူတွေအတွက် အခွင့်အလမ်းတစ်ခုဖြစ်ပေါ်လာရေး အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့ နဲ့ ဒီမိုကရေစီကိုသွားမဲ့ လမ်းကြောင်းတစ်ခုပါဝင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တစ်ရပ်ကို တောင်းဆိုခဲ့တာပါ။
“ကုလသမဂ္ဂအနေနဲ့ ငြိမ်းချမ်းရေး နဲ့ မြန်မာပြည်သူတွေလိုအပ်နေတဲ့ အသက်ကယ်ဆယ်ရေး ထောက်ပံ့ပူတွေအတွက် ဆက်ပြီး တွန်းအားပေးသွားပါမယ်”
ကုလသမဂ္ဂ လူသားချင်းစာနာမှုနဲ့ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး တွမ်ဖလက်ရှာ (Tom Fletcher)လည်း ဧပြီလ ၄ ရက်နေ့မှာ မြန်မာနိုင်ငံကို လာဖို့ရှိပါတယ်။
အပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့(Julie Bishop )လည်း လာမဲ့ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို လာဖို့ရှိပြီး ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေအတွက် ဖြစ်တယ်လို့ ကုလအတွင်းရေးမှူးချုပ်က ပြောပါတယ်။